Home » , » ဗိုလ်ခင်ညွန့် NLD ကို မဲပေးသလား

ဗိုလ်ခင်ညွန့် NLD ကို မဲပေးသလား

Written By မောင်စေတနာ on Sunday, April 1, 2012 | 6:08:00 PM

ဒီမနက် မဲရုံကအပြန် တွေ့ရတဲ့ ဦးခင်ညွန့် (ဓာတ်ပုံ - Reuters)

ဗိုလ်ခင်ညွန့် မိသားစု ဒီမနက် မရမ်းကုန်းမှာ မဲပေးခဲ့တဲ့အကြောင်း 7Day News ဂျာနယ် Facebook မှာ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က ဘယ်သူ့ကို ဘယ်ပါတီကို မဲပေးခဲ့ပါသလဲ? "အများဆန္ဒနဲ့ထပ်တူ" မဲပေးခဲ့ပါတယ် တဲ့။

ဘယ်လို အများဆန္ဒလဲ ဆိုတာတော့ မသိရပါ။ ရွေးကောက်ပွဲကော်မရှင်က ကြေညာမယ့် ထောက်ခံမဲစာရင်းကို ဆိုလိုတာလား၊ ဒါဆိုရင်တော့ မရမ်းကုန်းမှာ နိုင်မယ့်သူကို သူ မဲပေးခဲ့တယ်ပေါ့လေ။

နောက်ထပ် ဖြစ်နိုင်ချေက ပြည်သူအများ နှစ်သက်တဲ့ ပါတီ၊ ကိုယ်စားလှယ်ကို မဲပေးခဲ့တယ် ဆိုတာပါပဲ။ သူကတော့ မြန်မာလို ဖြေတာပဲ။ ဒါပေမယ့် မြန်မာလို ဘာသာပြန်နေရပြန်တယ်။

သားဖြစ်သူ ကိုဇော်နိုင်ဦးကတော့ ရှင်းတယ်။ "NLD ပါတီမှ ဒေါက်တာဒေါ်မေ၀င်းမြင့်" ကို ပေးခဲ့တယ်၊ လူပုဂ္ဂိုလ်အရ လေးစားလို့ ပေးခဲ့တာ တဲ့။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။