Home » , , , » The Lady (2011) ဇတ်ကားကို မြန်မာစာတန်းထိုးဖြင့် ကြည့်ရှုနိုင်ပြီ

The Lady (2011) ဇတ်ကားကို မြန်မာစာတန်းထိုးဖြင့် ကြည့်ရှုနိုင်ပြီ

Written By မောင်စေတနာ on Sunday, April 22, 2012 | 12:47:00 AM



The Lady (2011) ဇတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်တို့ မိသားစုသည် သူတို့၏ ဘဝကို အဓိကမထားပဲ တိုင်းပြည်အတွက် စွန့်လွှတ် စွန့်စားပုံတို့ကို ပရိသတ်များ ကြည့်ရှုရမည်ဟု ထိုင်းနိုင်ငံတွင် အကြီးဆုံး ရုပ်ရှင်အုပ်စု တခု ဖြစ်သည့် Major Cineplex အင်တာနက် စာမျက်နှာတွင် ကြော်ငြာထားပြီး နိုင်ငံရေး ဝရုန်းသုန်းကား အခြေအနေတွေထဲကမှ သဒ္ဓါနှင့်လူ့နားလည်မှုတရားတို့ကို တင်ဆက်ပြသထားပြီး ဗမာပြည် ဒီမိုကရေစီ လှုပ်ရှားမှု၏ ဗဟိုချက်နေရာမှ အမျိုးသမီး တယောက်၏ ငြိမ်းချမ်းစွာ လှုပ်ရှားမှု အကြာင်းလည်းဖြစ်သည်ဟု သိရှိရပါသည်။

ပြင်သစ်ဒါရိုက်တာ Luc Besson က ၂ဝ၁ဝ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ အဓိက ရိုက်ကူးထားပြီး ဒေါ်အောင်ဆန်းစုကြည် အဖြစ် မင်းသမီး မစ်ရှဲယိုးက သရုပ်ဆောင်ထားကာ ခင်ပွန်းသည် ဗြိတိသျှလူမျိုး တိဘက် သမိုင်းပညာရှင် မိုက်ကယ် အဲရစ် အဖြစ် David Thewlis က သရုပ်ဆောင် ထားပါတယ်။

နာမည်ကြီး သရုပ်ဆောင်များဖြစ်သည့် Jonathan Raggett, Jonathan Woodhouse နှင့် မြန်မာနိုင်ငံသားများ လည်း ပါဝင်သရုပ်ဆောင်ထားကြသည့် The Lady (2011) ဇတ်ကားလေးသည် မြန်မာနိုင်ငံသားအတွက် ကြည့်ရှုသင့်သော ဇတ်ကားလေး ဖြစ်ပါကြောင်း စာဖတ်သူများ အတွက် အသိပေးအပ်ပါတယ် ခင်ဗျာ။

မြန်မာ စာတန်းထိုးဖြင့် တင်ဆက် ပေးထားပါသည်။ myanducationမှ တင်ပေးထားပါတယ်။
http://www.youtube.com/watch?v=dFjsFgfYf4g&hd=1&t=3m49s ဒီနေရာလေးမှာ တိုက်ရိုက်ကြည့်နိုင်ပါပြီ။
http://www.youtube.com/watch?v=dFjsFgfYf4g&feature=g-upl&context=G2f8e93cAUAAAAAAAAAA မှ ပြန်လည် မျှဝေပါသည်။ The Lady များကို ဒေါင်းလွတ်ရယူလိုပါက အောက်ပါ နေရာများတွက် ဒေါင်းလွတ် ရယူနိုင်ပါသည်။

http://www.nayzawlin.com/2012/01/lady-2011.html

http://myanmarmp3album.com/2012/04/15/36646/#more-36646

Source by :http://www.youtube.com/watch?v=dFjsFgfYf4g&feature=g-upl&context=G2f8e93cAUAAAAAAAAAA
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။