Home » , , » ထောင်ထဲမှာ iPhone နဲ့ tablet တွေ သုံးနေပြီ

ထောင်ထဲမှာ iPhone နဲ့ tablet တွေ သုံးနေပြီ

Written By မောင်စေတနာ on Tuesday, April 24, 2012 | 5:33:00 AM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfSR_0-tVRPDGPG_etpNWlLzKkFr4eBCgNaJWF2d64DzUxmteZkz0G6mZmxEhcJako8nIle4qhBvPJlJRTOudYN_AwdcFgHSmeZRz8bxnnEFbR97fZBwZbchpU-7BlPsXc1p7BmXzalRY/s400/00011+%25284%2529.jpg

အင်တာနက်သုံးလို့ရတဲ့ စမတ်ဖုန်း ထောင်ထဲမှာလည်း သုံးနေပြီ တဲ့ (ဓာတ်ပုံ - အောင်အောင်/ဧရာဝတီ)

ဟုတ်ပါတယ်၊ ထောင်ထဲမှာလည်း စမတ်ဖုန်းတွေ သုံးနေပါပြီ။

ထိုင်းနိုင်ငံတောင်ပိုင်း နခွန်ဆီသမာရတ် ထောင်ကြီး (Nakhon Si Thammarat)ကို ၀င်စီးရာမှာ အကျဉ်းသားတွေဆီက လက်ကိုင်ဖုန်း အလုံး ၃၀၀ ၀န်းကျင် သိမ်းဆည်းရမိတယ် လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

ဖုန်းတွေထဲမှာ iPhone တွေ၊ tablet လို့ ခေါ်တဲ့ ကွန်ပြူတာအပါးစားတွေ ပါတယ် တဲ့။

စိတ်ကြွဆေး အလုံးရေ ၁,၇၀၀ ၊ လောင်းကစားပစ္စည်း၊ လက်နက်တွေကိုလည်း ရှာတွေ့တယ်လို့ ဆိုတယ်။

မနေ့က ၀န်ထမ်း ၆၀၀ ထက်မနည်း ၀င်ပြီး ရှာဖွေရေး လုပ်ခဲ့တယ်၊ မနက် ၃ နာရီမှာ ၀င်ရှာတယ်၊ ရှာဖွေချိန်စုစုပေါင်း ခြောက်နာရီ ကြာတယ် တဲ့။

iPhone တလုံး ထောင်ထဲရောက်ဖို့အတွက် သုံးရတဲ့ငွေက ဘတ်သုံးသိန်းခွဲ (ဒေါ်လာ တသောင်းစွန်းစွန်း) လို့ ဆိုတယ်။ ဒီငွေပမာဏဟာ iPhone အလုံး ၂၀ လောက် ၀ယ်လို့ရတာပေါ့။

ရှောင်တခင်စစ်ဆေးတဲ့ကာလမှာ ထောင်ပိုင်ကြီး စိတ်မသက်မသာဖြစ်နေတယ်လို့ သတင်းထောက်က ဆိုတယ်။

"ဒီလိုပစ္စည်းတွေကို တားဆီးဖို့ ကျနော် အားကြိုးမာန် ဆောင်ရွက်ခဲ့ပါတယ်။ သို့သော်လည်း ငွေအားက ပိုပြီး ကြီးနေပါတယ်" လို့ ထောင်ပိုင်ကြီး Narong Yongnarongdejkul က ဆိုသတဲ့။

ထောင်ပိုင်ကြီးကို ရာထူးကနေ ဖယ်ရှားလိုက်တယ် တဲ့။

ဒီထောင်ကြီးထဲ ဒီပစ္စည်းတွေ ရောက်နေတဲ့ ပြဿနာကို ရှင်းထုတ်ဖို့ ဆိုရင် ထောင်ဝန်ထမ်းတွေကို ရှင်းထုတ်ပစ်၊ ထောင်ပြောင်းပစ်မှဖြစ်မယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးက ဆိုတယ်။

ဌာနပေါင်းစုံက ၀န်ထမ်း ၆၀၀ ကျော် ပါဝင်တဲ့ ရှောင်တခင် စစ်ဆေးရေး (ဓာတ်ပုံ - The Nation သတင်းစာ အွန်လိုင်း)


ဒီရှာဖွေရေး ဘယ်လို အစပြုခဲ့တာလဲ ??

မူးယစ်ဆေးအမှုတွေကို စစ်ဆေးရာမှာ ဒီထောင်ထဲကနေ မှာပြီး သုံးတာများတယ် ဆိုတာကို သိရပြီးနောက်ပိုင်းမှာ အခုလို ရှောင်တခင် ၀င်စစ်ရတာပါပဲ တဲ့၊ ခရိုင် အမှတ် ၈ ရဲတပ်ဖွဲ့ ဗိုလ်ချုပ် Santi Pensutra က ဆိုတယ်။

လအတန်ကြာ ပြင်ဆင်ခဲ့တဲ့ ဒီစစ်ဆင်ရေးကို ရဲ၊ စစ်တပ်၊ အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့က အရာရှိတွေ ပေါင်းပြီး အကောင်အထည်ဖော်ခဲ့တာလို့ ဆိုတယ်။

ဒီထောင်ကြီးထဲမှာ လက်ကိုင်ဖုန်းတလုံးရဲ့ တန်ဖိုးက ဘန် ၂ သိန်း နဲ့ ၂ သိန်းခွဲကြားမှာ ရှိတယ်လို့ သိရပါတယ်။

စမတ်ဖုန်းတွေကတော့ ပိုဈေးကြီးတာပေါ့။ အထက်မှာ ဆိုခဲ့သလို ဘတ်သုံးသိန်းကျော်ပါတယ်။ ဖုန်းမရှိတဲ့အကျဉ်းသားက ငှားသုံးရတယ်၊ ငှားရမ်းခက တကြိမ်ကို ဘတ် ၁၀,၀၀၀ ကနေ ၁၈,၀၀၀ တဲ့။ ဒေါ်လာနဲ့တွက်မယ် ဆိုရင် ၃၀၀ နဲ့ ၆၀၀ ကြားပေါ့။

ဖုန်းတွေ ဘာတွေ ထောင်ထဲသွင်းရာမှာ ပါဝင်တဲ့ ၀န်ထမ်းများကို ဖမ်းဖို့ ၀ရမ်းထုတ်တော့မယ်လို့ ဆိုတယ်။

စိတ်ကြွဆေးသွင်းရာမှာ အဓိက လှုပ်ရှားတဲ့ အကျဉ်းသား ၂ ဦး ရှိတယ်၊ သူတို့ရဲ့ လုပ်ငန်းက ထောင်ထဲ ဆေးတကြိမ် သွင်းရင် ထိုင်းဘတ်ငွေ သန်းပေါင်းများစွာ ရတယ်လို့ ဆိုတယ်။ သံတိုင်ကြားက စီးပွားရေးလုပ်ငန်းကြီးပေါ့။

တခြားအကျဉ်းသား အများအပြားလည်း ခိုးသွင်းမှုတွေမှာ ပါဝင်ပတ်သက်ပေမယ့် အလတ်စား အငယ်စား မူးယစ်ဆေးရောင်းဝယ်သူများဖြစ်တယ်လို့ ဆိုတယ်။

(ဒီခရိုင်က မလေးရှားနယ်စပ်နဲ့ နီးပါတယ်။ မြန်မာပြည် ကော့သောင်းနဲ့လည်း မြေပုံထဲမှာ တွေ့ရတဲ့အတိုင်း နီးတယ်လို့ ဆိုနိုင်ပါတယ်)

ရှောင်တခင် စစ်ဆေးရေးလုပ်တယ် ဆိုပေမယ့် သတင်းပေါက်ကြားခဲ့တယ် တဲ့။

"ဖမ်းမိတဲ့ ဖုန်းတလုံးမှာ စာ (message) တစောင် ပို့ထားတာ တွေ့ရတယ်၊ ၂ နာရီအတွင်း ရှာဖွေရေးလုပ်မယ်ဆိုပြီး အဲဒီစာမှာ ရေးထားတယ်။ ဒီတော့ ကျနော်တို့ ရောက်မသွားခင် တချို့ပစ္စည်းတွေကို ရှင်းထုတ်ပစ်ပြီးသား ဖြစ်နိုင်တယ်" လို့ ခရိုင်ရဲမှူး ဗိုလ်မှူးချုပ် Ronnapong Saikaeo က ဆိုတယ်။ စိတ်ကြွဆေးတွေကို အိမ်သာထဲထည့်ပြီး ရေဆွဲချလိုက်တာမျိုးပေါ့ တဲ့။

ညွှန်း - The Nation သတင်းစာ အွန်လိုင်း - http://www.nationmultimedia.com/national/Jail-chief-transferred-as-officials-raid-prison-30180492.html


Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။