Home » , , » စင်ကာပူရောက် မြန်မာတို့ရဲ့ဒုက္ခ

စင်ကာပူရောက် မြန်မာတို့ရဲ့ဒုက္ခ

Written By မောင်စေတနာ on Tuesday, April 24, 2012 | 8:36:00 AM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKmCnym8B_Ti4mLggitWRqKg7Yb59th19T-pCW12FScsUATOIU0kxFk46LT7Qqz1cJtW0tJJxOJochZAH8xtgqN52-T1_C7oTt0_ez3ftS7Be4hHy3WaqL-OGzSICRRUYFrRUJmOf3mio/s400/00000000000000000000nn00000000500ttti+%25287%252944.jpg

ဒီမနက် သံရုံးရှေ့ ကြိတ်တိုးနေရတဲ့ ရွှေမြန်မာများ (ဓာတ်ပုံ - Khin Kalayah Soe/facebook)

စင်ကာပူနိုင်ငံ မြန်သံရုံးရှေ့တွင် ဒီကနေ့ မနက်က ရွေမြန်မာများ နေကပူပူနှင့် ရုန်းရင် ဆန်ခတ်ဖြစ်နေကြရပါတယ်။ အကြောင်းကတော့ online Q စနစ်ကို ကောင်းမွန်စွာ update မလုပ်နိုင်ပဲ online တွင် Q ယူသမျှလူတိုင်းကို Q နံပတ်မပါ နေ့စွဲ သာပါရှိ တဲ့ FORM ကိုသာ ထုတ်ပေးလိုက်ရာ သံရုံးရှေ့တွင် လူမြောက်များစွာ Q နံပတ်ရရှိရေး အတွက်ပြန်လည် တန်းစီခဲ့ကြရပါတယ်။

နှစ်နာရီကျော် ကြာအောင်တန်းစီ ပြီးမှသာ အသံချဲ့စက်နှင့်online မှ Form ထုတ်ယူခဲ့သူတွေ ဟာ တန်းစီရန်မလိုဘဲ counter များတွင်တိုက်ရိုက် Q ရယူနိုင်ကြောင်း ကြေငြာခဲ့ပါတယ်။

သံရုံးပြင်ပမှာ တန်းစီစောင့်နေကြတဲ့ လူအုပ်ကြီးမှာတော့ ရုန်းရင်းဆန်ခတ် ဖြစ်ပြီး ကျဉ်းမြောင်းလှတဲ့ counter အပေါက် ကို စုပြုံတိုးနေကြရပါတယ်။

မြန်မာနိုင်ငံကို သွားရောက်ရန် Visa လာရောက် လျှောက်ထားနေကြတဲ့ နိုင်ငံခြားသားများ လဲ အပါအ၀င်ပါတဲ့။

ပြည်ပမှာ ရှိနေကြတဲ့ မြန်မာ သံရုံးတိုင်းမှ ၀န်းထမ်းများကလဲ ဆက်ဆံရေးတွင် အလွန် ခက်ထန်ပါကြောင်း ဆိုကြပါတယ်။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။