
သီချင်းအက်ဆေးများ ရေးဖွဲ့သူကတော့ နာမည်ကျော် တေးရေး မြင့်မိုးအောင် ဖြစ်ပါတယ်။ သူ့သီချင်းတွေက နာမည်လည်း ကြီးသလို အထင်ကရ အဆိုတော်တွေ သာမက တက်သစ်စ အဆိုတော်လေးများကလည်း ဆိုရင်း နာမည်ရသွားခဲ့ပါတယ်။
မြင့်မိုးအောင်ကို Melody World တေးဂီတ ရုပ်သံ အစီအစဉ်မှာ အကဲဖြတ်ဒိုင်လူကြီးအဖြစ် မြင်ဖူးကြမှာပါ။ အခုတော့ သူ့ကို လူတွေ ပိုစိတ်ဝင်စားစရာ အကြောင်းအရာ ရှိနေပါပြီ။ လူပြော သူပြောများတဲ့ အကြောင်းအရာ ရှိနေပါပြီ။

နာမည်ကျော်သီချင်းတွေ အများကြီး ရေးသားခဲ့တဲ့ မြင့်မိုးအောင်ရဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ နီးပါးက ဖြစ်ထွန်းခဲ့တဲ့ ပထမ အိမ်ထောင်နဲ့ ပတ်သက်ပြီး ဘယ်တုန်းက ဘယ်လို အဆုံးသတ်ခဲ့တယ် ဆိုတာကို အသေးစိတ် မသိရသေးပါဘူး။
ဆရာမြင့်မိုးအောင်က ဟိုတုန်းကတည်းက အင်မတန် ပေါ်ပြူလာ ဖြစ်ခဲ့တာပါ။ ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်က လစဉ်ထုတ် မဂ္ဂဇင်း တစောင်မှာ ဆွဲဆောင်မှုအရှိဆုံးအမျိုးသားတွေရဲ့ အမည်ကို ရွေးထုတ်ခိုင်းတဲ့ ကဏ္ဍတခု ပါပါတယ်၊ အဲဒီမှာ အဆိုတော် တင့်တင့်ထွန်း ရွေးချယ်ခဲ့တဲ့ ဆွဲဆောင်မှု အရှိဆုံးအမျိုးသားတွေထဲမှာ တေးရေး ဆရာမြင့်မိုးအောင် ဆိုတာ ပါဝင်ခဲ့ပါတယ်။
အခု ကိုမြင့်မိုးက အသက် ၄၈ နှစ် ရှိပါပြီ။ ဒီအရွယ်မှာ ထပ်ပြီး စွံပြန်ပြီ ဆိုတော့ ဆွဲဆောင်မှု ရှိသေးလို့ပေါ့ လို့ ဆိုရမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - ဧပြီလ ၂ ရက်နေ့ထုတ် ပေါ်ပြူလာ ဂျာနယ်
Source by :http://www.irrawaddyblog.com/
0 comments:
Post a Comment