Home » , , » မီဒီယာနဲ့ ရင်းနှီးအောင်နေတဲ့အစိုးရ

မီဒီယာနဲ့ ရင်းနှီးအောင်နေတဲ့အစိုးရ

Written By မောင်စေတနာ on Saturday, April 7, 2012 | 10:08:00 AM

ရန်ကုန်မှာ ဒီနေ့ တွေ့ရတဲ့ လ၀က ၀န်ကြီး ဦးခင်ရီ နဲ့ KNU ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး (ဓာတ်ပုံများ - ဧရာဝတီ)

KNU နဲ့ အစိုးရ ထိပ်သီးဆွေးနွေးပွဲ ရန်ကုန်မြို့မှာ ဒီကနေ့ လုပ်ပါတယ်။ သတင်းသမားများစွာ ဆွေးနွေးတဲ့နေရာမှာ သတင်းယူနိုင်ကြပါတယ် ဟိုစဉ်က KNU ထိပ်တန်းကိုယ်စားလှယ်အဖွဲ့များနဲ့ မြန်မာပြည်အတွင်းပိုင်းမှာ တကြိမ်မက ဆွေးနွေးခဲ့ကြပေမယ့် သတင်းသမားများကို အကပ်မခံပါ၊ ဆွေးနွေးပွဲပြီးရင်တောင် သတင်းထုတ်ပြန်တာမျိုး မရှိပါ။

ခုတော့ ဗျူဟာ ပြောင်းလိုက်ပါပြီ။ မီဒီယာနဲ့ ရင်းနှီးအောင်နေတဲ့အစိုးရဖြစ်လာပါပြီ။ မီဒီယာ ဆိုတာ အသုံးချလို့တယ်ကောင်းပါလား ဆိုတာ သဘောပေါက်သွားပြီလို့ ယူဆရပါတယ်။

ဒုသမ္မတ ၂ ဦးကလွဲလို့ အစိုးရပိုင်းက ပြောရေးဆိုခွင့်ရှိသူအားလုံးလိုလို ပြောရဲဆိုရဲရှိလာကြတာကို အံ့သြဖွယ် တွေ့နေရပါပြီ။ မီဒီယာကို ထိုးဖောက်လာပါပြီ။

မီဒီယာ၊ စာနယ်ဇင်းတို့ကို ရန်ဘက်လို ဆက်ဆံတာထက် ရင်းနှီးအောင် လုပ်လာတာ အင်မတန်ကောင်းပါတယ်၊ အသုံးချဖို့ ဆိုတဲ့ ရည်ရွယ်ချက်ပဲ ရှိရှိပေါ့လေ။ ။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။