Home » , , » နာဂနဲ့ အပစ်ရပ်ပြီ

နာဂနဲ့ အပစ်ရပ်ပြီ

Written By မောင်စေတနာ on Friday, April 13, 2012 | 1:40:00 AM

နာဂပွဲတော် မြင်ကွင်းတခု (ဓာတ်ပုံ - www.allmyanmar.com)

နာဂလက်နက်ကိုင် NSCN(K) အဖွဲ့ နဲ့ ဒီလဆန်းကစပြီး အပစ်ရပ်ဖို့ သဘောတူလိုက်ပါပြီ တဲ့။ ဒီကနေ့ မြန်မာအစိုးရအာဘော် သတင်းစာများမှာ ဖော်ပြထားပါတယ်။

NSCN(K) ဆိုတာ The National Socialist Council of Nagaland – Khaplang နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ ဖြစ်ပါတယ်။

နာဂတိုင်းရင်းသားတွေက မြန်မာ နဲ့ အိန္ဒိယ နှစ်နိုင်ငံလုံးမှာ နေထိုင်ကြတာပါ။ နယ်စပ်က နာဂ လက်နက်ကိုင် အဖွဲ့တွေရဲ့ ရည်ရွယ်ချက်ထဲမှာ အိန္ဒိယ-မြန်မာ နာဂဒေသတွေပူးပေါင်းပြီး သီးခြား နာဂနိုင်ငံ ထူထောင်နိုင်ရေး ဆိုတာလည်း ပါပါတယ်။

NSCN(K) ရဲ့ အခမ်းအနားတခု (ဓာတ်ပုံ - ???)

နယ်စပ်ဒေသ တိုက်ပွဲတွေဟာ အဲဒီ နာဂတပ်တွေနဲ့ အိန္ဒိယတပ် သို့မဟုတ် မြန်မာတပ်တို့နဲ့ ဖြစ်ပွားကြတာ ရှိသလို နာဂတပ်တွေအချင်းချင်း အကြီးအကျယ် တိုက်ကြတာလည်း ရှိပါတယ်။

ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်း ဦးသိန်းစိန် ခေါင်းဆောင်တဲ့ အရပ်သား အစိုးရ ပေါ်ပေါက်ချိန်မှာပဲ အခြေခံဥပဒေအရ စစ်ကိုင်းတိုင်းထဲက ဒေသတချို့ကို စုပေါင်းပြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အဖြစ် သတ်မှတ်ခဲ့ပါတယ်။

လေရှီး၊ လဟယ်၊ နန်းယိမ်း ၃ မြို့နယ် ပါဝင်ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုတဲ့ အင်မတန် လှပတဲ့ စကားလုံးအကြောင်း ကြုံလို့ ပြောရရင် - နာဂစ်အခြေခံဥပဒေအရ ဒီဒေသများရဲ့ လုပ်ပိုင်ခွင့်

မှာ ထည့်သွင်းပြဋ္ဌာန်းထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာတော့


(၁) မြို့ပြနှင့် ကျေးရွာ စီမံကိန်းများ။
(၂) လမ်းတံတားများ ဖောက်လုပ်၊ တည်ဆောက်၊ ပြုပြင်ထိန်းသိမ်းရေး၊

(၃) ပြည်သူ့ ကျန်းမာရေး၊
(၄) စည်ပင်သာယာရေးလုပ်ငန်း၊

(၅) မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး၊
(၆) စားကျက်မြေများ ထိန်းသိမ်းရေး၊

(၇) သစ်တောများ ကာကွယ်ထိန်းသိမ်းရေး၊
(၈) ပြည်ထောင်စုက ပြဋ္ဌာန်းသည့် ဥပဒေနှင့်အညီ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး။

(၉) မြို့နှင့် ကျေးရွာများ အတွင်း ရေနှင့်လျှပ်စစ်မီး ဆိုင်ရာ ကိစ္စ၊
(၁၀) မြို့များနှင့် ကျေးရွာများ၏ ဈေးများဆိုင်ရာ ကိစ္စ

ဆိုတဲ့ ဥပဒေပြုစာရင်း (၁၀) ခုကိုပဲ တင်ပြခွင့်ရပါမယ် တဲ့။

လုံခြုံရေး၊ ကာကွယ်ရေး၊ စာပေ၊ ယဉ်ကျေးမှု၊ လူမျိုးစု အခွင့်အရေးတို့နဲ့ ပတ်သက်လို့ ဘယ်ပြဋ္ဌာန်းချက်ကိုမှ တင်ပြပိုင်ခွင့်မရှိပါဘူး တဲ့။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။