Home » , » ဂျနီဖာလိုပက်ဇ် ပေးတဲ့ ချစ်သူ့လက်ဆောင်

ဂျနီဖာလိုပက်ဇ် ပေးတဲ့ ချစ်သူ့လက်ဆောင်

Written By မောင်စေတနာ on Friday, April 13, 2012 | 3:43:00 AM

ဂျနီဖာ နှင့် ချစ်သူ ကက်စပါ စမတ် (ဓာတ်ပုံ- ဧပြီလ ၉ ရက်နေ့ထုတ် People မဂ္ဂဇင်း)

နာမည်ကြီး ဟောလိဝုဒ် မင်းသမီး ဂျနီဖာလိုပက်ဇ်ဟာ ချစ်သူ ကက်စပါ စမတ်ရဲ့ အရင်တပတ်က ကျရောက်တဲ့ ၂၅ နှစ်မြောက် မွေးနေ့မှာ ကြိုတင် အသိပေးမထားဘဲ မွေးနေ့ပါတီပွဲလေး ကျင်းပပေးလိုက်ပါတယ်။

ဒီပါတီပွဲလေး နဲ့ ပေးလိုက်တဲ့ မွေးနေ့လက်ဆောင်ကြောင့် ချစ်သူလေးက အလွန်ပဲ အံ့သြသွားတယ်လို့ People မဂ္ဂဇင်းမှာ ရေးသား ဖော်ပြထားပါတယ်။

ဂျနီဖာက ချစ်သူ ကက်စပါ သိပ်လိုချင်နေတဲ့ လေးဘီးယက် Dodge Ram ထရပ်ကားတစီး လက်ဆောင်ပေးလိုက်တာပါ။

နယူးယောက်သူ ဂျနီဖာကတော့ ၁၉၆၉ ခုနှစ် ဇူလိုင်လ ၂၄ ရက်မှာ မွေးသူမို့ သူနဲ့ ချစ်သူ ကက်စပါ အသက် ဘယ်လောက် ကွာသလဲ ပရိတ်သတ် မှန်းကြည့်နိုင်ပါတယ်။

အမွှာ သား၊ သမီး ရဲ့ မိခင် ဂျနီဖာဟာ အိမ်ထောင်ရေး ကံမကောင်းတာလား၊ ဒါမှ မဟုတ် အချစ်ရေး ကံကောင်းလွန်းနေတာလား ဝေခွဲရ ခက်တဲ့ ကိစ္စပါပဲ။

Jennifer Lopez - American Idol promo shoot

၇ နှစ်တာ ပေါင်းသင်းခဲ့တဲ့ အဆိုတော် မတ် အန်ထော်နီနဲ့ ၂၀၁၁ ခုနှစ် ဇူလိုင်လကပဲ လမ်းခွဲခဲ့ကြတာပါ။ မင်းသား ဘင်အက်ဖလက်နဲ့ ဂျနဖာတို့ဟာလည်း တချိန်က သိပ်ချစ်တဲ့ ချစ်သူတွေအဖြစ် နာမည် အလွန်ကြီးခဲ့ပါတယ်။

ဂျနီဖာဟာ အနုပညာနဲ့တင်မကပဲ သူမရဲ့ ဘ၀ ကောက်ကြောင်းများထဲက လူမှုရေး ဘ၀တွေကလည်း လူသိများပါတယ်။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။