Home » , » မိုးညှင်းမြို့နယ်တွင် ရထားလမ်း မိုင်းကွဲ

မိုးညှင်းမြို့နယ်တွင် ရထားလမ်း မိုင်းကွဲ

Written By မောင်စေတနာ on Sunday, April 29, 2012 | 8:03:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq952EilZycSIWeSv4ey38OVZ5oKj-pcUd4Q9b_iBIW-BcBlETbmNQ3B2y5Q_XkJ1NWkCz9cvKLLEET0qY5xzKvUHyI72n0YdQE_TkVxvHdcqZnF09oN5Bu35ukTLsj9T_g1zHg3SIfZUe/s400/1733.1327266285.jpg

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ထဲမှာ ရထားသံလမ်း မိုင်းကွဲတာကြောင့် မန္တလေး-မြစ်ကြီးနား အဆန်ရထား အမှတ် ၃၃ ဟာ ရထားသံလမ်းချော်ပြီး ရထားတွဲ ၈ တွဲ တိမ်းမှောက်ခဲ့တယ်လို့ ဒေသခံတွေက ဧရာဝတီကို ပြောပြပါတယ်။

သံလမ်းမိုင်းထိတဲ့နေရာကတော့ မိုးညှင်းမြို့မရောက်ခင် ၁၆ မိုင်အလို၊ မော်ဟန် ဘူတာအလွန် စင့်ကြည်ရွာနားမှာလို့ သိရပါတယ်။

ကိုရင်တပါး၊ ဘုန်းတော်ကြီးတပါးနဲ့ လူတယောက် ဒဏ်ရာရပြီး မိုးညှင်းဆေးရုံကို ပို့ထားရတယ်လို့ ဆိုပါတယ်။ သံလမ်း မိုင်းကွဲတဲ့အချိန်နဲ့ တဆက်တည်းမှာ သေနတ်ဖောက်သံ လေး၊ ငါး ချက် ကြားလိုက်ရတယ်လို့လည်း စင့်ကြည်ဒေသခံတွေက ပြောပါတယ်။

ဒီလို သေနတ်သံတွေ ကြားခဲ့ရတာကြောင့် အဲ့ဒီဒေသမှာ တိုက်ပွဲများ ဖြစ်သလား၊ ရထားလမ်းမိုင်းကွဲမှု တရားခံက ဘယ်သူလည်းဆိုတာကိုတော့ မသိရသေးဘူး၊ စုံစမ်းနေဆဲပဲလို့ မိုးညှင်းရဲစခန်းက ပြောပါတယ်။

ကချင်ပြည်နယ်ထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေနဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေသလို ကချင်ပြည်နယ်တွင်းမှာ ရထားလမ်း မိုင်းခွဲခံရတာတွေ၊ မြို့တွေထဲမှာ ဗုံးပေါက်ကွဲမှုတွေ ရံဖန်ရံခါ ကြုံတွေ့နေရပါတယ်။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။