Home » , , , » မလေးရှားနိုင်ငံ ရွှေစည်သာ သင်္ကြန်ပွဲတော်မှ အမှတ်တရ ဓာတ်ပုံများ

မလေးရှားနိုင်ငံ ရွှေစည်သာ သင်္ကြန်ပွဲတော်မှ အမှတ်တရ ဓာတ်ပုံများ

Written By မောင်စေတနာ on Saturday, April 14, 2012 | 8:10:00 PM



ကေအယ် မဟာနန်းအဆင်မြင့် စားသောက်ဆိုင်မှ ကြီးမှူး ကျင်းပပြုလုပ်ပေး လျှက်ရှိသော နှစ်သစ်ကူး အထိမ်းအမှတ် ရွှေစည်သာ သင်္ကြန်ပွဲတော်ကို မလေးရှားနိုင်ငံ စကင်းချန်းမြို့တွင် ၁၂.၄.၂၀၁၂ -သင်္ကြန်အကြိုနေ့ ( ကြာသပတေးနေ့ ) နေ့လေးတွင် စည်ကားစွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။



ယခုနှစ်တွင် အရင်နှစ်တွေနဲ့ မတူ နာမည်ကြီး အဆိုတော်များဖြင့် ဖျော်ဖြေရေး အစီအစဉ်များအား တင်ဆက်ပေးခဲ့ပြီး အကအလှများ ၊ အကျွေးအမွေးများဖြင့် ပျော်ရွှင် စည်ကားစွာ ပြုလုပ်ဆောင်ရွှက် ပေးခဲ့ပါသည်။



ရွှေစည်သာ သင်္က်ြန်ပွဲတော်ရက်လေးတွင် ရွှေမြန်မာများ သာမကာ မလေးရှားနိုင်ငံသားများ အပါအဝင် နှစ်သစ်ကူး သင်္က်ြန်ပွဲတော်လေးကို ပါဝင်ဆင်နွဲနေသည် ကို တွေ့ရှိရပါတယ်။



ကျွန်တော်တို့ နှစ်တိုင်း ဒီရွှေစည်သာ သင်္ကြန်လေးမှာ လာရောက် ရေကစားကြပါတယ်။ အခုလို ကျွန်တော်တို့ ပြည်ပကိုရောက်နေကြတော့ အခုလို သင်္ကြန်ပွဲတော်လေးက ကျွန်တော်တို့ မြန်မာပြည်ကို ရောက်သွားသလို ခံစားရပါတယ်။ အရမ်းလည်း ပျော်ကြပါတယ်။ အခုလို သင်္က်ြန်ပွဲတော်လေးကို ကျင်းပပေးတဲ့ မဟာနန်းစားသောက်ဆိုင်မှ တာဝန်ရှိသူများနဲ့ သင်္က်ြန်ပွဲပြုလုပ်ပေးတဲ့ တာဝန်ရှိသူတွေ ကျေးဇူးတင်ပါတယ်။ ရွှေစည်သာ သင်္က်ြန်ပွဲတော်ကို လာရောက်ဆင်နွဲသူ ကိုမင်းမင်းမှ ပြောပြပါသည်။



အခုလို ရွှေစည်သာ နှစ်သစ်ကူး သင်္ကြန်လေးတွင် မလေးရှားရောက် ရွှေမြန်များ အားလုံး အတူတူ ပျော်ရွှင်နိုင်စေရန် မဟာနန်းစားသောက်ဆိုင် နှင့် ရွှေစည်သာစားသောက်ဆိုင်မှ နှစ်စဉ် ကျင်းပပေးလျှက်ရှိပြီး ယခုနှစ်တွင် နာမည်ကြီး အဆိုတော်တွေများ မြန်မာသံစဉ်များ ၊ ခေတ်ပေါ် အကအလှများ ၊ အကျွေးအမွေးများစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိပါသည်။



မလေးရှားရောက် ရွှေမြန်မာများအတွက် သင်္ကြန်ရက်လေးတွင် မြန်မာပြည် အလွမ်းပြေ ပျော်ရွှင်ကြည်နူး နိုင်ကြပါစေ။ ရွှေစည်သာ သင်္ကြန်ပွဲတော်မှ အမှတ်တရ ဓာတ်ပုံများဖြင့် တင်ဆက် ပေးလိုက်ပါတယ်။

















နေဇော်လင်း



Malaysia News Information & Online Radio Media
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။