Home » , , » မြန်မာပြည်ရောက် ဗြိတိန်ဝန်ကြီးချုပ်

မြန်မာပြည်ရောက် ဗြိတိန်ဝန်ကြီးချုပ်

Written By မောင်စေတနာ on Friday, April 13, 2012 | 11:12:00 PM

( ဓာတ်ပုံများ - Reuters )

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း မြန်မာနိုင်ငံကို ဒီကနေ့ ရောက်ရှိပြီး နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်၊ ရန်ကုန်မှာ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သွားရောက် တွေ့ဆုံပါတယ်။

နေပြည်တော်ရောက် ၀န်ကြီးချုပ်က ရေပက်နေသူတချို့ကို ကျော်ဖြတ်ပြီး သမ္မတဦးသိန်းစိန်ဆီကို မနက် ၉း၀၀ နာရီမထိုးခင် ရောက်သွားတယ် လို့ လန်ဒန် ဂါးဒီးယင်း သတင်းစာ ဘလော့မှာ ရေးထားပါတယ်။

ခရီးစဉ်အတွင်း Save the Children ဆိုတဲ့ NGOအဖွဲ့က ၀န်ကြီးချုပ်ထံ အီးမေးပို့ရာမှာ အနောက်အုပ်စုက မြန်မာပြည်အပေါ် ဒဏ်ခတ်ထားမှု ရုပ်သိမ်းဖို့ တိုက်တွန်းထားပါတယ်၊ မြန်မာပြည်က ကလေးများ သန်းနဲ့ချီပြီး ဆင်းရဲဒုက္ခရောက်နေကြတယ်လို့ အီးမေးထဲ ရေးထားပါတယ် တဲ့။

ဗြိတိန်ဝန်ကြီးချုပ်တွေထဲမှာတော့ ဒေးဗစ်ကင်မရွန်းက နှစ်ပေါင်း ၆၀ ကျော်အတွင်း မြန်မာပြည်ကို ရောက်ခဲ့တဲ့ ပထမဆုံးသော ၀န်ကြီးချုပ်ပါ။

မနက် ၁၁ နာရီမှာတော့ ၀န်ကြီးချုပ်ဟာ ရန်ကုန်မြို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့နေပါပြီ။

ဒီရက်ပိုင်း ခရီးထွက်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟာ မြန်မာပြည်ကို မလာခင် ဒေသတွင်းနိုင်ငံတွေ ဖြစ်တဲ့ ဂျပန်၊ အင်ဒို၊ မလေး တို့ကို ရောက်ရှိခဲ့ပါတယ်။




Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။