Home » , , » WINDOWS - 7 USER GUIDE PART ( IV )

WINDOWS - 7 USER GUIDE PART ( IV )

Written By မောင်စေတနာ on Wednesday, March 7, 2012 | 5:22:00 AM


ထုံးစံ အတိုင်းပေါ့ခင်ဗျာ ကျွန်တော်စုဆောင်းထားတဲ့ ပရိုဂရမ်တွေထဲက တစ်ခုဖြစ်တဲ့ "Remove Unwanted Software" (မလိုအပ်သော ဆော့ဖ်ဝဲများကို ဖယ်ရှားခြင်း) ဆိုသော ခေါင်းစဉ်လေးနဲ အတူ Update ဖြစ်နေတဲ့စာသားတွေကို တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ ကဲ.....စပြီနော်။ Windows မှာပါလာတဲ့ Add/Remove ကိုသုံးပြီး ပရိုဂရမ်တစ်ခုကို ဖယ်ရှားပစ်မယ့်အစား အခြား ဆော့ဝဲ တစ်ခုကို သုံးရင် ပိုကောင်းတာတွေ ရှိပါတယ် ။ပိုပြီးတော့ ဟာ့ဒ်ဒစ် Space ကိုပိုရစေပြီး ပြန့် ကျဲနေတဲ့ ဖိုင်တွေကို ပိုပြီး စီထားပေးနိုင်ပါတယ်။

သုံးသင့်တဲ့ ဆော့ဖ်ဝဲ တစ်ခုကို အကြံပြုချင်ပါတယ်။အဲဒါကတော့ PC Decrapifier ပါ။ (ဒီနေရာလေးမှာဒေါင်းယူပါခင်ဗျာ) အဲဒီဆော့ဖ်ဝဲနဲ့ မလိုအပ်တဲ့ဆော့ဖ်ဝဲတွေ ၊ ဖိုင်တွေကို သူကရှာဖွေပြီး ရှင်းနိုင်ပါတယ်။ ဖိုင်ကို Download ချပြီးရင် .EXE ဖိုင်ကို Install လုပ်စရာမလိုဘဲ ဖိုင်ကို Click လုပ်တာနဲ့ ပရိုဂရမ်က Run ပါတယ်။ တကယ်လို့ ဗိုင်းရပ်စ် ကာကွယ်ရေးဆော့ဖ်ဝဲ တစ်ခုခုကို တင်ထားရင် အဲဒီ .EXE ဖိုင်ကို ဖွင့်တဲ့အခါ ပြဿနာ ရှာနိုင်ပါတယ်။ အဲဒီ သတိပေးချက်ကို ဂရုမစိုက်ပါနဲ့။ ဆက်လုပ်လို့ ရပါတယ်။

ဒီပရိုဂရမ်ကို Run ရင် Wizard အတိုင်း တစ်ဆင့်ပြီးတစ်ဆင့် ပြီးတဲ့အထိ Run သွားလို့ လည်းရပါတယ် ။ ကိုယ်ဖျက်ချင်တဲ့ ပရိုဂရမ်တွေကို ရွေးချယ်လိုက်မယ်။ ဒီအချိန်မှာတော့ သတိပေးချက်တွေထွက်လာမယ် ။ Next ကို Click လုပ်ပြီး ကွန်ပျူတာကို Clean လုပ်နိုင်ပါပြီ ။ တကယ်လို့ Clean လုပ်စရာ မတွေ့ ဘူးဆိုရင်လည်း သူကပြောပြီးမှ ထွက်သွားလိမ့်မယ် ။ ကဲ.....ကျွန်တော် တင်ဆက်ချင်တာတော့ ဒီအထိပါပဲခင်ဗျာ။

မျိုးကိုကို
freshest5@gmail.com
Technique & Translate
8JAN2012-004
www.nayzawlin.com
myokokyaw@nayzawlin.com
http://myokokyaw.blogspot.com/

ကျေးဇူး အထူးတင်ရှိပါတယ် ခင်ဗျာ။
Source:http://myowin9.blogspot.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။