Home » » ဖအေတူသား ဘရွတ်ကလင်း

ဖအေတူသား ဘရွတ်ကလင်း

Written By မောင်စေတနာ on Wednesday, March 7, 2012 | 10:24:00 AM



ဒေးဗစ်ဘက်ခမ်း (၃၆)နှစ်သည် သူ၏အကြီးဆုံးသား ဘရွတ်ကလင်း၏ (၁၃)နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ်၊ ဘရွတ်ကလင်းအား မီယာမီဟိထ် အသင်းနှင့် အယ်လ်အေလာကာစ် အသင်းတို့ကစားသည့် ဘက်စကတ် ဘောပြိုင်ပွဲသို့ခေါ်ဆောင်သွားခဲ့သည်။

အမေဖြစ်သူ ဗစ်တိုးရီးယားမှာလည်း သူ၏သားဖြစ်သူ ဘရွတ်ကလင်း အသက် (၁၃) နှစ်ပြည့်သွားသည့်အပေါ် အလွန် စိတ်လှုပ်ရှား ပျော်ရွှင်နေပြီး၊ သူတို့မွေးမြူထားသည့် “ ကိုကို” အမည်ရှိ ခွေးလိမ္မာအား ပါတီဦး ထုပ်ဆောင်းပေးပြီး၊ ဓါတ်ပုံ ရိုက်ယူခဲ့သည်။

အဆိုပါဘတ်စကတ်ဘောပွဲတွင် ဘက်ခမ်းသည် သူ၏သားပခုံးအား ဖက်ထားပြီး၊ ပြိုင်ပွဲ တစ်ချိန်လုံး ဘရွတ်ကလင်းနှင့် နောက်ပြောင်ကျီစယ်နေခဲ့သည်။

အဆိုပါဘက်စကတ်ဘောပြိုင်ပွဲ ကြည့်နေစဉ်အတောအတွင်း၊ ဘရွတ်ကလင်းသည် သူ့ဖခင် ဒေးဗစ်ဘက်ခမ်းလုပ်သည့် အမှုအရာမှန်သမျှ မရည်ရွယ်ပဲ အကုန်လိုက် လုပ်နေခဲ့မိသည်။

ဒေးဗစ်ဘက်ခမ်း လက်ပိုက်ထားသည့်အချိန်တွင်၊ ဘရွတ်ကလင်းကလည်း လက်ပိုက်ထားသလို၊ ဒေးဗစ်ဘက်ခမ်း ပါးစပ်အား လက်ဖြင့်ထောက်ထားသည့်အချိန်တွင်လည်း ဘရွတ်ကလင်းက သူ၏ပါးစပ်အား လက်ဖြင့် ထောက် ထားခဲ့သည်။

ဒေးဗစ် ဘက်ခမ်းတို့ သားအဖ ကိုယ်တိုင်ပင် အဆိုပါ အချက်အား သတိမထား မိကြသဖြင့်၊ ဘရွတ်ကလင်း အနေဖြင့် သူ၏ဖခင်ဒေးဗစ်ဘက်ခမ်း၏ အမူအရာများအား တမင်တကာ အတုခိုး နေခြင်းမျိုးမဟုတ်ပဲ၊ မရည်ရွယ်ပဲ သွားတူ နေခြင်းဖြစ်ကြောင်း သိသာလှသည်။

အဆိုပါအချက်က ဒေးဗစ်ဘက် ခမ်းနှင့် ဘရွတ်ကလင်းတို့ သားအဖ၏ သံယောဇဉ်၊ သွေးကစကားပြောမှု ကို ဖော်ပြနေသည်။

Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။