Home » , , » WINDOWS - 7 USER GUIDE PART ( II )

WINDOWS - 7 USER GUIDE PART ( II )

Written By မောင်စေတနာ on Tuesday, March 6, 2012 | 4:21:00 AM


1. ပျောက်နေတဲ့ ပုံလှလှတွေ ဖော်ထုတ်ပြန်ရချင်လျှင်

ဒါလဲ ကျွန်တော် စုဆောင်းလေ့လာထားတဲ့ အရာတွေထဲက တစ်ခုပါ။ မှတ်မှတ်ရရ ဒီပရိုဂရမ်လေးကို Computer Magazine တစ်ခုကနေ ရှာတွေ့ လို့ လက်တွေ့ စမ်းသပ်ပြီး စုဆောင်းထားတာပါ။ အခုတော့ကျွန်တော့် ပရိသတ်တွေအတွက် ပြန်လည် ဝေမျှလိုက်ပါတယ်ခင်ဗျာ။

Windows 7 ကိုပထမဦးဆုံး Install လုပ်စဉ်က များသောအားဖြင့် Time နဲ့  Currency တွေလောက်သာ သတိထားမိကြတာများတယ် ။ Theme တွေနဲ့ ပတ်သက်တဲ့ Location တွေကို သတိထားမိသူ နည်းပါတယ် ။တကယ်လို့  Time နဲ့  Currency ကို English (United Kingdom) လို့ ရွေးလိုက်ရင် ၊ Desktop ရဲ့ Background ဟာလည်း UK နဲ့ ပတ်သက်တဲ့ Background (wallpaper) တွေပဲ ဖြစ်သွားဖို့ များပါတယ်။ နောက်ခံ ပုံတွေမှာ အင်္ဂလိပ်စကား ပြောနိုင်ငံတွေရဲ့ ပုံလှလှတွေအများကြီး ရှိနေပါသေးတယ် ။

ဥပမာ - Australia ; Canada ; Great Britain ; South Africa ; နိုင်ငံတွေရဲ့ ပုံလှလှတွေ ကျန်နေပါသေးတယ်။ ဒီပုံလှလှတွေကို ပြန်လိုချင်ရင် လုပ်နိုင်တဲ့နည်းတွေ ရှိပါတယ် ။

1 - Windows + R = Run ဖြစ်အောင်နှိပ်ပါ။

C:\Windows\Globalization\MCT

လို့ ရိုက်ထည့်ပြီး Enter ခေါက်ပါ။ (တကယ်လို့ ထူးထူးခြားခြားကိုယ့် Windows က C: ထဲမှာ Install လုပ်ထားတာမဟုတ်ရင် တခြား Letter ကိုပြောင်းရိုက်ပါ ။ )

2 - Windows Explorer က Sub-folder တွေကို ညာဘက်ခြမ်းမှာပြလိမ့်မယ် ။

MCT-AU ; MCT-CA ; MCT-GB ; MCT-US ; MCT-ZA

ဆိုပြီး Folderတွေပေါ်လာမယ် အဲ့ဒီ Folderတွေထဲမှာ နိုင်ငံ အလိုက်ပုံတွေပါလာမယ်။

3 - ခုဆိုရင် Search Box ထဲမှာ (ညာဘက်ထိပ် ထောင့်ဆုံး) အကွက်ထဲမှာ *theme လို့ ရိုက်ထည့်ပါ ။ ဒါဆိုရင်ပုန်းနေတဲ့ theme တွေ အားလုံးပေါ်လာလိမ့်မယ်။

4 - အဲ့ဒီ theme တွေအားလုံး လိုချင်ရင် Ctrl + A = Select All လုပ်ပါ ။ ပြီးရင် Ctrl + C = Copy လုပ် ၊ပြီးရင် C:\Windows\Resources\Themes ထဲမှာ သွားပြီး Paste လုပ်လိုက်ပါ ။ Personalization gallery ထဲက installed theme ကိုဖွင့်ပါ။( Personalize လုပ်ချင်ရင် Desktop ပေါ်မှာ Right Click လုပ်ပြီး စိတ်ကြိုက် ပုံကို ရွေးချယ်ပါ။ )

မျိုးကိုကို
freshest5@gmail.com
Technique & Translate
8JAN2012-004
www.nayzawlin.com
myokokyaw@nayzawlin.com
http://myokokyaw.blogspot.com/

Source:http://myowin9.blogspot.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။