Home » , » နာမည် ကျော်များ NLD ကို မဲပေးကြမယ်

နာမည် ကျော်များ NLD ကို မဲပေးကြမယ်

Written By မောင်စေတနာ on Tuesday, March 27, 2012 | 9:28:00 PM

လူမင်း

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းသာလိုပါတော့တယ်။ ဒီလိုအချိန်မှာ လူသိရှင်ကြား ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေနဲ့ ထင်ရှားတဲ့ အနုပညာရှင်တွေက NLD ပါတီကို မဲပေးကြမယ်ဆိုတာ အတိအလင်းပြောနေကြပါတယ်။

ဒီအထဲမှာ ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ လူမင်းကတော့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မဲမပေးပါဘူး။
ဘာကြောင့် ၂၀၁၀ တုန်းက ဆန္ဒမဲ မပေးခဲ့ရတာကိုလည်း The Ladies ဂျာနယ်မှာ လူမင်းက “မဲမပေးဘူးဆိုတာက သိပ်လည်း စိတ်မ၀င်စားဘူး။ ပြီးရင် ဒီလိုဘဲ ဖြစ်မယ်ဆိုတာ ကြိုသိနေတော့ မဲပေးခြင်း၊ မပေးခြင်းအပေါ် စိတ်လည်း မ၀င်စားဘူး။ ထင်ထဲအတိုင်းဘဲ ဖြစ်သွားတာဘဲ”လို့ ဖြေကြားထားတယ်။
အခု ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်လေးစားလို့ NLD ကို မဲပေးမှာဖြစ်တဲ့ အကြောင်း လူမင်းက ဆက်ပြောထားတာပါ။

ဒီအပြင် NLD ကို မဲပေးမယ့် နောက်ထပ် ကျော်ကြားသူ ၂ ဦးကတော့ အဆိုတော် ဆောင်းဦးလှိုင်နဲ့ အနဂ္ဂ တို့ဘဲ ဖြစ်ပါ တယ်။

မြစ်မခ နဲ့ သူတို့ရဲ့ အင်တာဗျူးတွေမှာ NLD ကို မဲပေးသွားကြမယ့်အကြောင်းတွေပြောထားကြတယ်။
အဆိုတော် ဆောင်းဦးလှိုင်ကလည်း ကိုလူမင်းလိုပါဘဲ။ ၁၉၉၀ ခုနှစ်တုန်းကလည်း NLD ကို မဲပေးခဲ့သလို၊ အခုလည်း NLD ကို ကျေးဇူးဆပ်ဖို့ မဲပေးမှာ ဖြစ်ကြောင်း မြစ်မခ နဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။
“၂၀၁၀ တုန်းက ကျတော်မဲ မပေးခဲ့ပါဘူး ကျတော်ကြိုက်တဲ့ ပါတီဝင်ရောက် ယှဉ်ပြိုင်ခြင်းမရှိလို့ပါ အခုတော့ ကျတော် မဲပေးမှာပါ NLD ပါတီကိုကျေးဇူးဆပ်ချင်လို့မဲပေးမှာဖြစ်ပါတယ်” အနုပညာရှင်ဆောင်းဦးလှိုင် ကပြောသည်။

ဆောင်းဦးလှိုင်က ဆက်ပြောတာက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်အများဆုံး ကြိုးစားသူဟာ NLD ပါတီပါဘဲတဲ့။

၂၀၀၈ ဖွဲ့စည်းပုံကို မကြိုက်လို့ ၂၀၁၀ ရွေးကောက်ပွဲမှာ မဲမပေးခဲ့ဘူးဆိုတဲ့ အဆိုတော် အနဂ္ဂကလည်း တခြားနိုင်ငံရေး ပါတီတွေရဲ့ မူဝါဒတွေနဲ့ သူ့ရင်ခုန်သံ မကိုက်ညီကြောင်း၊ NLD ပါတီရဲ့ မူဝါဒကတော့ သူ့ဆန္ဒနဲ့ ကိုက်ညီလို့ မဲပေးမှာ ဖြစ်ကြောင်း ဖြေထားပါတယ်။

“ဥပဒေကို ခေတ်နဲ့အညီပြုပြင်ပြောင်းလဲဖို့ကို ကျတော် အရမ်းမျှော်လင့်ပါတယ်။ NLD ကဥပဒေကို ပြင်မယ်ဆိုတဲ့ အချက်ပါ ပါတယ်။ အဲဒီအချက်ကြိုက်လို့ မဲပေးမှာပါ။ ကိုယ်ပြောမယ့် စကားတစ်ခုကို ကိုယ်ရွေးချယ်မယ့် အစိုးရတစ်ရပ်က လုပ်ပေး မယ်လို့ ယုံကြည်လို့ပါ”ဟု အဆိုတော် အနဂ္ဂက ပြောသည်။
အဆိုတော် အနဂ္ဂ က အာဏာရှင်စနစ်ကို မကြိုက်လို့ ပါတီစုံ ဒီမိုကရေစီ စနစ်ကို မဲပေးတာဖြစ်ကြောင်းပါတဲ့။

“အာဏာရှင်စနစ်ကို ဆန့်ကျင် ချင်သောကြောင့် ကျတော် ပါတီစုံဒီမိုကရေစီစနစ်ကို မဲပေးတာဖြစ်ပါတယ် နောက်တခုက ဘာလဲဆိုတော့ အစိုးရဆိုတဲ့ သူတွေက ဘယ်သူလဲဆိုတာ သိချင်ရင် ကျတော်တို့မဲပေးမှ အစိုးရဆိုတဲ့ပုဂ္ဂိုလ်တွေဖြစ်တာပါ ဒါကြောင့် အစိုးရဆိုတာ ကျတော်တို့ကိုယ် ကျတော်တို့ သတ်မှတ်ထားရပါမယ် ဒါကြောင့် ကျတော်ဟာ အစိုးရဆိုတာ မမေ့ပါနဲ့” လို့ အနဂ္ဂက ဖြေထားပါတယ်။

ဒီအပြင် အနုပညာရှင် တော်တော်များများဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မကြာခဏ လာရောက်တွေ့ဆုံကြပြီး NLD မဲ အောင်နိုင်ရေး အတွက်လည်း ရုပ်သံရိုက်ကူးကို ကူညီိပေးတာတွေ၊ ဒေါ်အောင်ဆန်းစုကြည်မသွားနိုင်တဲ့နေရာတွေကို သွားရောက် စည်းရုံးရေး ဆင်းတာတွေလည်း လုပ်ဆောင်ပေးနေပါသေးတယ်။

Source by :http://www.irrawaddyblog.com/
Share this article :

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။