Home » , , » iPhone လက်ဆောင် ပေးတိုင်း ယူသင့်သလား

iPhone လက်ဆောင် ပေးတိုင်း ယူသင့်သလား

Written By မောင်စေတနာ on Saturday, March 10, 2012 | 11:51:00 AM

iPhone လက်ဆောင်ပေးတာ မယူဘူး တဲ့။ Supinya Klangnarong ဆိုတဲ့ အမျိုးသမီးပါ။ သူက NBTC လို့ ခေါ်တဲ့ ထိုင်းနိုင်ငံ အသံလွှင့်လုပ်ငန်း နဲ့ ဆက်သွယ်ရေးဆိုင်ရာ အမျိုးသား ကော်မရှင် လူကြီးတယောက် ဖြစ်ပါတယ်။
Justify Fullဆက်သွယ်ရေး ကုမ္ပဏီတခုက သူ့ကို မှတ်ဥာဏ် 64GB ထည့်သွင်းနိုင်တဲ့ iPhone လက်ဆောင်ပေးတဲ့ အကြောင်း ကြာသပတေးနေ့ထုတ် ဘန်ကောက်ပို့စ် မျက်နှာဖုံးမှာ ပါလာပါတယ်။
လက်ဆောင်ပစ္စည်း လက်ခံခြင်းနဲ့ ပတ်သက်ပြီး NBTC ကော်မရှင်မှာ စည်းမျဉ်းစည်းကမ်းတွေ တိတိကျကျ ရေးသားထုတ်ပြန်ဖို့ သူက တိုက်တွန်းလိုက်ပါတယ် တဲ့။

လက်ဆောင်ပေးလာတဲ့ ခြင်းထဲမှာ iPhone နဲ့အတူ ဗုဒ္ဓဆင်းတု၊ ကော်ဖီ နဲ့ သစ်သီးဝလံတွေပါတယ်၊ ဈေးကြီးတဲ့ လက်ဆောင်ပစ္စည်းတွေဟာ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခကို ဖြစ်စေတယ် လို့ သူက ထောက်ပြပါတယ်။
အစိုးရ၀န်ထမ်းတဦးဟာ ဘတ် ၃,၀၀၀ (ဒေါ်လာ တရာ) ထက် ပိုတဲ့ လက်ဆောင်ပစ္စည်းကို လက်မခံရဘူး ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စည်းကမ်းချက် ထုတ်ထားတာကိုလည်း သူက ထောက်ပြပါသေးတယ်။

ဒီလို တန်ဘိုးကြီးပစ္စည်းကို လက်ခံရင် ဌာနရဲ့၊ အဖွဲ့အစည်းရဲ့သိက္ခာပိုင်းဆိုင်ရာ ထိခိုက်နိုင်တယ် လို့ သူက ဆိုပါတယ်။
iPhone လက်ဆောင်ကို ငြင်းလိုက်တဲ့ Supinya

ထိုင်းမှာ ၀န်ထမ်းတွေက ဒီလိုအနေအထား ရှိတယ် ဆိုရင် သတင်းသမားတွေကရော ဘယ်လိုလဲ?

ထိုင်းနိုင်ငံ စာနယ်ဇင်းကောင်စီက ၁၉၉၇ ခုနှစ်မှာ ထုတ်ပြန်တဲ့ စာနယ်ဇင်းကျင့်ဝတ်ဆိုင်ရာစည်းကမ်းချက် ၃၀ ထဲက အမှတ် ၂၂ မှာ အခုလို ဆိုထားပါတယ်။
"စာနယ်ဇင်းသမားများသည် သတင်းရင်းမြစ်များထံမှ တန်စိုးလက်ဆောင် သို့မဟုတ် တန်ဘိုးကြီးလက်ဆောင် သို့မဟုတ် အခွင့်အရေး မယူရ။ သတင်းပို့ခြင်းအား တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် လွှမ်းမိုးမှု ရှိနိုင်သောကြောင့် ဖြစ်သည်"
တိုက်ဆိုင်လို့ ဖော်ပြရမယ် ဆိုရင် ဧရာဝတီကရော ဘယ်လိုလဲ? ဧရာဝတီသတင်းဌာန စာနယ်ဇင်းကျင့်ဝတ်လမ်းညွှန် http://www.bur.irrawaddy.org/index.php/2011-06-21-05-45-10 မှာ လက်ဆောင် ပစ္စည်းနဲ့ ပတ်သက်ပြီး အခုလို ပြဋ္ဌာန်းထားပါတယ်။

သတင်းထောက်များသည် သတင်း အချက်အလက်ရယူသည့် နေရာမှပေးသော အခမဲ့လက်မှတ်များ၊ တည်းခိုရန် နေရာ များ၊ ဈေးနှုန်း လျှော့ပေးခြင်းများ၊ လက်ဆောင်ပစ္စည်းများကို လက်ခံခြင်းမပြုရပါ။ အနုပညာပြပွဲများ၊ ဖျော်ဖြေပွဲများ၊ စာအုပ်ပြပွဲ၊ ကားပြပွဲ၊ ရုပ်ရှင်၊ အားကစားပွဲများသို့ သွားရောက် သတင်းယူသည့် သတင်းထောက်များသည် ထုံးစံအားဖြင့် ပေးလေ့ရှိသော လက်မှတ်များကို လက်ခံနိုင်သည်။

သတင်း အချက်အလက်ပေးသူထံမှ အမေရိကန် ဒေါ်လာ၂၀(ထိုင်းဘတ် ၆၀၀ ခန့်)ထက် မပိုသော သင့်တင့်သည့် နေ့လယ် စာ သို့မဟုတ် ညစာ သို့မဟုတ် အချိုရည်များဖြင့် ဧည့်ခံခြင်းကို လက်ခံနိုင်သည်။ လက်ဆောင်ပစ္စည်းများကို ယဉ်ကျေးစွာဖြင့် ငြင်းပါ။ သံသယရှိဖွယ် ဖိတ်ကြားချက်များ လက်ခံရရှိပါက အယ်ဒီတာနှင့် တာဝန်ခံအယ်ဒီတာများထံမှ အကြံဉာဏ် ယူသင့်သည်။

သတင်းထောက်များသည် အခြားသတင်းဌာနများမှ ပေးသော ငွေကြေးနှင့် လက်ဆောင်ပစ္စည်းများကို လက်မခံရ။ အဖွဲ့အစည်းတခု သို့မဟုတ် လူပုဂ္ဂိုလ်တဦးက ၎င်း၏အကျိုးစီးပွားအတွက် သတင်းရေးသားပေးရန် သို့မဟုတ် ရေးသားခြင်း မပြုရန် အတွက် ပေးသော ငွေကြေးနှင့် လက်ဆောင်ပစ္စည်းများကို လက်မခံရ။
ဓာတ်ပုံများ - http://www.computertipsfree.com
http://www.jongblog.com/2010/06/talking-with-supinya-klangnarong/

Source by :http://www.irrawaddyblog.com/2
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။