Home » » ရာသီကုန်အထိ မုတ်ဆိတ်မရိတ်ပဲ ထားမည့် ဒီဂီယာ

ရာသီကုန်အထိ မုတ်ဆိတ်မရိတ်ပဲ ထားမည့် ဒီဂီယာ

Written By မောင်စေတနာ on Saturday, March 10, 2012 | 1:08:00 PM



မန်ယူဂိုးသမား ဒီဂီယာသည် အနည်းဆုံး လာမည့် မေလအထိ သူ၏မုတ်ဆိတ်အား မရိတ်ပဲ အရှည်ထားမည်ဟု သိန္နိဋ္ဌာန်ချထားကြောင်းထုတ်ဖော်ပြောကြားလိုက်သည်။

“ မုတ်ဆိတ်က ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူကို ပျော်ရွှင်မှုတွေပေးပါတယ်၊ မန်ယူအသင်း ပရီးမီးယားချန်ပီယံဖြစ်တဲ့အထိ၊ ဒါမှမဟုတ်၊ စပိန်အသင်း အိုလံပစ်ချန်ပီယံ ဖြစ်တဲ့အထိ မရိတ်ပဲထားမယ်လို့ ဆုံးဖြတ်ထားပါတယ်၊ ” ဟု ဒီဂီယာက ပြောကြားသွားခဲ့သည်။

အကယ်၍များ၊ အဆိုပါအသင်းနှစ်သင်းအနေဖြင့်၊ သက်ဆိုင်ရာပြိုင်ပွဲများတွင် အောင်မြင်မှုများမရရှိခဲ့ပါက၊ ဒီဂီယာအနေဖြင့် လာမည့်ရာသီအစတွင် ရှည်လျားသောမုတ်ဆိတ်များဖြင့် အလွန်အကြည့်ရဆိုးမည့်အဖြစ်သာ အဖတ်တင်လိမ့်မည် ဖြစ်ကြောင်း သတင်းများက သုံးသပ်ဖော်ပြကြသည်။

မန်ယူဂိုးသမား ဒီဂီယာသည် သူ၏ညင်းသိုးသိုး ဆံပင်ပုံစံအားလည်း ပြုပြင်ရန် လိုအပ်လျှက်ရှိနေသေးသည်။

Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။