Home » , , » iPhone, iPad တွေကို မီးရှို့ပူဇော်မယ့် ရိုးရာနေ့

iPhone, iPad တွေကို မီးရှို့ပူဇော်မယ့် ရိုးရာနေ့

Written By မောင်စေတနာ on Thursday, March 29, 2012 | 4:21:00 PM

တရုတ်ရိုးရာအစဉ်အလာအရ ကွယ်လွန်သွားကြပြီဖြစ်တဲ့ ဘိုးဘွားအစဉ်အဆက်ကို နှစ်စဉ်နှစ်တိုင်း ပူဇော်ကြတဲ့နေ့မှာ အ၀တ်အစားတွေ၊ စက္ကူနဲ့လုပ်ထားတဲ့ ငွေတွေ၊ စက္ကူနဲ့လုပ်ထားတဲ့ ကား၊ အိမ် စတာတွေကို မီးရှို့ပူဇော်ကြတာမှာ ဒီနှစ် ၂၀၁၂ ခုနှစ်မှာ ထူးခြားတာကတော့ စက္ကူနဲ့ လုပ်ထားတဲ့ အိုင်ဖုန်း၊ အိုင်ပက်တွေပါတဲ့။

စက္ကူအိုင်ပက်၊ စက္ကူ အိုင်ဖုန်းတွေကို ပြနေတဲ့ Qing Ming ပွဲတော်သုံးပစ္စည်းတွေရောင်းတဲ့သူ

ဒီစက္ကူနဲ့ လုပ်ထားတဲ့ အိုင်ဖုန်း၊ အိုင်ပက်တွေဟာ တရုတ်ပြည်မှာ ရောင်းရအသွက်ဆုံး၊ လူကြိုက်အများဆုံး ရောင်းမလောက်တဲ့ ပစ္စည်းဖြစ်နေပါသတဲ့။

စက္ကူအိုင်ဖုန်း၊ စက္ကူအိုင်ပက်တွေဟာ တကယ့်အရွယ်အစားအတိုင်း ပုံစံတကျ လုပ်ထားတာဖြစ်ပြီး စက္ကူနဲ့ လုပ်ထားတဲ့ နားကြပ်တွေ၊ ဘက်ထရီအားသွင်းတာတွေတောင် ပါပါတယ်။ စက္ကူနဲ့ လုပ်ထားတဲ့ USB ကြိုးတွေလည်း ပါတယ် ဆိုတော့ တမလွန်က ဘိုးဘွားတွေအဖို့ စက္ကူနဲ့လုပ်ထားတဲ့ ကွန်ပြူတာနဲ့ Sync လုပ်ဖို့ လွယ်ကူစေတာပေါ့လေ။

Apple က ထုတ်တဲ့ အိုင်ဖုန်း၊ အိုင်ပေါ့၊ အိုင်ပက်တွေကို အရူးအမူး စွဲလန်းကြတဲ့ တရုတ်နိုင်ငံမှာတော့ စက္ကူနဲ့လုပ်ထားတဲ့ အိုင်ဖုန်း၊ အိုင်ပက်တွေကတော့ အခုအချိန်မှာ အင်မတန် ပေါ်ပြူလာ ဖြစ်နေတာပါ။

စက္ကူနဲ့ လုပ်ထားတဲ့ iPad 2

ဒီစက္ကူ အိုင်ဖုန်း၊ အိုင်ပက်တွေကို ရောင်းနေတာ ၂ နှစ် ရှိနေပြီဖြစ်ပေမယ့် ဒီနှစ်မှာတော့ လူကြိုက် တော်တော်များနေတယ်လို့ သိရပါတယ်။

စက္ကူအိုင်ပက်တခုအတွက် ၅၃၈ ယွမ် (၈၅ ဒေါ်လာခန့်) နဲ့ အိုင်ဖုန်းအတွက်ကတော့ ၂၂ ယွမ် ကျသင့်ပါမယ်။

လာမယ့် ဧပြီ ၄ ရက်နေ့မှာကျတဲ့ တမလွန်က ဘိုးဘွားတွေကို ကန်တော့တဲ့ပွဲ Qing Ming ပွဲတော်မှာ အိုင်ဖုန်း၊ အိုင်ပက်တွေကို ၀ယ်ထည့်ရတာကတော့ သူတို့တတွေလည်း ခေတ်မှီပစ္စည်းတွေ သုံးနေကြသလို တမလွန်က ဘိုးဘွားတွေလည်း နောင်ဘ၀မှာ ခေတ်နဲ့အညီ နေထိုင်နိုင်ကြရအောင်ပါတဲ့လေ။

တရုတ်လူမျိုးတွေဟာ သေဆုံးသွားကြပြီဖြစ်တဲ့ ဘိုးဘွားမိဘတွေကိုမြုပ်နှံထားရာ ဂူသင်္ချိုင်းကို တနှစ်တခါ သန့်ရှင်းရေး လုပ်ရင်း ကန်တော့ကြတဲ့အခါ စက္ကူနဲ့ လုပ်ထားတဲ့ ငွေ၊ အိမ်၊ ကား၊ အ၀တ်အစား၊ စတဲ့ နေ့စဉ်အသုံးအဆောင်တွေကို မီးရှို့ပူဇော်ရင် တမလွန်က တမလွန်က ဘိုးဘွားတွေဆီ ဒီပစ္စည်းတွေ ရောက်သွားပြီး တမလွန်မှာ သူတို့တွေ ကောင်းကောင်းမွန်မွန် သုံးစွဲလို့ ရနိုင်တယ်ဆိုတဲ့ ရိုးရာ ယုံကြည်မှု ရှိကြပါတယ်။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။