Home » , » ရွေးကောက်ပွဲ စောင့်ကြည့်ရေးကွန်ရက် လက်ကမ်းစာစောင်

ရွေးကောက်ပွဲ စောင့်ကြည့်ရေးကွန်ရက် လက်ကမ်းစာစောင်

Written By မောင်စေတနာ on Thursday, March 29, 2012 | 5:09:00 PM


ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးကွန်ရက်က လက်ကမ်းစာစောင်တခု ဖြန့်နေပါတယ်။ စိတ်ဝင်စားသူများ လေ့လာနိုင်ဖို့ ကူးယူ ဖော်ပြပေးလိုက်ပါတယ် -
လေးစားရပါသောမိဘပြည်သူများခင်ဗျား...

မကြာခင်ရက်ပိုင်းတွင်ရောက်ရှိလာတော့မည့် ဧပြီလကြားဖြတ်ရွေးကောက်ပွဲတွင်
မဲဆန္ဒရှင်ပြည်သူများ မည်သည့်အတိုင်းအတာအထိ တရားမျှတလွတ်လပ်စွာ မဲပေးခွင့် ရရှိနိုင်ခဲ့သည်ကိုလေ့လာဖော်ထုတ်ရန်နှင့် မဲဆွယ်စည်းရုံးရေးကာလ၊မဲပေးသည့်နေ့ရက်နှင့်
မဲပေးအပြီး မဲရေတွက်မှုကာလ စသည့်အချိန်များတွင် မသမာမှုများ ရှိခဲ့ပါက ဖော်ထုတ်တင်ပြရန်
အတွက် ပြည်သူများမှ ၀ိုင်းဝန်းပါဝင်စောင့်ကြည့်ပြီး သတင်းများပေးပို့ခြင်းဖြင့် ကူညီကြပါရန်
ကျနော်တို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးကွန်ရက်မှ မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။

ယခုပေးပို့လိုက်သော အီးမေးလ်နှင့် အတူ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီးအဓိကစောင့်ကြည့်ရမည့် အချက်များနှင့် ဆက်သွယ် သတင်းပို့နိုင်မည့် ဖုန်းနံပါတ်များပါဝင်သည့်လက်ကမ်းစာစောင်ကို attached file ဖြင့် ပူးတွဲဖြန့်ချိထားပါသည်။ မိမိရရှိလာသောဖိုင်ကို ရွေးကောက်ပွဲတွင် ပါဝင်သည့် မဲဆန္ဒနယ်များမှ နီးစပ်ရာ မဲဆန္ဒရှင်ပြည်သူများထံသို့ မိတ္တူကူး၍ဖြန့်ဝေပေးကြပါရန်လည်း လေးနက်စွာ ပန်ကြားအပ်ပါသည်။

ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးကွန်ရက်
လက်ကမ်းစာစောင်
စာ - ၁
စာ - ၂

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။