အဲဒီ @ ရဲ့ သမိုင်းအစက ဒီလိုပါ။ ရှေးရှေးတုန်းက အင်္ဂလိပ်စာကို အသုံးပြုတဲ့ စာသမားနဲ့ ဘာသာရေးစာပေ ရေးသားကြတဲ့ ဘာသာရေးဆရာတွေက စာရေးရာမှာ at ကို မြန်အောင် @ လို့ရေးပါတယ်။ at ကိုဆိုရင် သုံးချက် ရေးရပါတယ်။ @ ဆိုရင် တစ်ချက်တည်းလေ။ အဲဒါနဲ့ @ ဆိုတဲ့ စာလုံးဖြစ်လာတာတဲ့။ဟင် ဘာလဲဆိုင်ဘူး။ အဲဒီ @ ကို တရုတ်က ကြွက်ကလေး တဲ့။ ဘယ်ဂျီယံက ဘာမှ မရှိခြင်း တဲ့။ လန်ဒန်က မျောက်အမြီး တဲ့။ ဒိန်းမတ်က ဆင်နှာမောင်းတဲ့။ ဖင်လန်က ကြောင်မြီးတဲ့။ ဂျာမဏီက တွဲလွဲခိုတဲ့မျောက် တဲ့။ ပြင်သစ်က ပက်ကျိ တဲ့။ ဟန်ဂေရီက တီကောင် တဲ့။ ကိုးရီးယားက ခရု တဲ့။ နော်ဝေးက ၀က်မြီးတဲ့။ အီတလီက ပက်ကျိတဲ့။ ရုရှားက ခွေးသေးသေးလေး တဲ့။ မြန်မာကကော ? ။
အဲဒီ @ ကို အရင်က တန်ဖိုး(သို့)အလေးချိန်အဖြစ်လည်း အသုံးပြုသတဲ့။ ဥပမာ လိမ္မော်သီး ၅ လုံး @ ၁၀၀၀ ကျပ် တဲ့။ ၂၅ ပေါင်ရှိ အလေးချိန်ကို @ တဲ့။ တချို့က @ ဆိုတာ amphora တဲ့။ အမွှေးအကြိုင်ကို ချိန်တွယ်ရာမှာ သုံးတယ် ဆိုလား။ @ ကိုလေ တစ်ချို့ နာမည်ထဲ ထည့်သုံးတယ်တဲ့။ JQY@JQZ စသဖြင့်ပေါ့ဗျာ။ အဓိပ္ပါယ်က ဂျေဂျူဝိုင် ခေါ် ဂျေဂျူဇက် အဲ။
E-mail ထဲကိုတော့ Bolt Beraneck and Newman Inc. (BBN) မှ Programmer Ray Tom Linson က စာပို့တဲ့ နေရာမှာ အသုံးပြုသူ အမည်ကို ကွဲပြားစေချင်လို့ @ ကို စတင်အသုံးပြုခဲ့တယ်တဲ့။ အချိန်ကတော့ 1971 မှာပါတဲ့။
Source:http://jjqqyy.synthasite.com
မျိုးကိုကို
freshest5@gmail.com
Technique & Translate
8JAN2012-004
www.nayzawlin.com
myokokyaw@nayzawlin.com
http://myokokyaw.blogspot.com/
freshest5@gmail.com
Technique & Translate
8JAN2012-004
www.nayzawlin.com
myokokyaw@nayzawlin.com
http://myokokyaw.blogspot.com/




.jpg?width=750)
