ချစ်သုဝေ (ဓာတ်ပုံများ - သံသာဝင်းFacebook)
နာမည်ကြီး အနုပညာရှင်များက NLD ပါတီအေံနနဲ့ လာမည့် ကြားဖြတ်ရွေးကောက်ပွဲ မှာ အောင်နိုင်ရေးအတွက် မတ်လ ၂၆ ရက်က စပြီး မဲဆွယ်ခရီး ထွက်ခဲ့ကြပါတယ်။
ထင်းရှားတဲ့အနုပညာရှင်များ ဖြစ်ကြတဲ့ ထွန်းအိနြာဗို၊ လူမင်း၊ ၀ိုင်း၊ ဆောင်းဦးလှိုင်အစ ရှိကြတဲ့ နာမည်ကြီး အနုပညာရှင်များဟာ သူတို တတ်နိုင်တဲ့ တာဝန် နဲ့ တစ်တောင့် တစ်နေရာကနေပြီး ပြည်သူချစ်တဲ့ အနုပညာရှင်များ ပီသစွာဖြင့် NLD ပါတီ အောင်နိုင်ရေးအတွက် စည်းရုံးရေးဆင်းပေးခဲ့ကြပါသတဲ့။
အခုလို ထင်ရှားတဲ့ အနုပညာရှင်များရဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီအတွက် လူသိရှင်ကြား မဲဆွယ်ပေးမှုဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ပြီးနောက်ပိုင်း ပထမဆုံးလည်း ဖြစ်ပါတယ်။
NLD အောင်နိုင်ရေးအတွက် အနုပညာရှင်များရဲ့ နယ်လှည့် မဲဆွယ်စည်းရုံးရေး ခရီးစဉ်များ ဓာတ်ပုံတွေကို အဆိုတော် သံသာဝင်းရဲ့ Facebook မှာ ဖော်ပြထားပါတယ်။ Pyin Oo Lwin, Sagaing and Pa lae' NLD's campaign trips - မေမြို့၊ စစ်ကိုင်း၊ ပုလဲမြို့ ခရီး ဓာတ်ပုံများပါ တဲ့။ ဖျော်ဖြေမှုတွေနဲ့ မဲဆွယ်အုံးမှာဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ပါတယ်။

.jpg?width=750)

0 comments:
Post a Comment