Home » , , » ဥက္ကဋ္ဌအဖြစ် အသိအမှတ်ပြုခြင်း မခံရသေးသူ

ဥက္ကဋ္ဌအဖြစ် အသိအမှတ်ပြုခြင်း မခံရသေးသူ

Written By မောင်စေတနာ on Friday, March 30, 2012 | 4:57:00 PM

ဓာတ်ပုံများ (YPI - Yangon Press International)

အခု ရက်ပိုင်း ဖေ့ဘွတ်ပေါ်မှာလည်း လူပြောများလာတဲ့ အကြောင်းအရာကတော့ ရုပ်ရှင်အစည်းအရုံးပါပဲ။ မြန်မာနိုင်ငံမှာ ပထမဆုံး ရုပ်ရှင် သမား စစ်စစ်များ ကိုယ်တိုင် မဲစနစ်နဲ့ ရွေးကောက် တင်မြှောက်ခံရတဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဆိုတာ ပေါ်ပေါက် လာခဲ့တာ ရက်ပိုင်းဘဲ ရှိပါသေးတယ်။

လွန်ခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ကမှ စည်စည်းကားကား ရုပ်ရှင်သရုပ်ဆောင်များကိုယ်တိုင် ကဏ္ဍ အလိုက် မဲ စနစ်နဲ့ ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။

နောက်ဆုံး ရလာဒ်ကတော့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဌ ရာထူးနေရာကို ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးဇင်ဝိုင်းက ရရှိသွားခဲ့ပါတယ်။

ဖေ့ဘွတ် ပရိတ်သတ်များ အဆိုအရ ဥက္ကဌသစ် ဦးဇင်ဝိုင်းတယောက် ပြန်ကြားရေး ၀န်ကြီးရဲ့ အသိအမှတ်ပြုခြင်း မခံရ ဘဲ ဥက္ကဋ္ဌ ဆိုင်ရာ လုပ်ပိုင်ခွင့်များလည်း အပ်နှံခြင်း မပြုသေးကြောင်း သိရပါတယ်။

ယခင် ဥက္ကဋ္ဌကတော့ ဦးမြင့်သိန်းဖေဖြစ်ကြောင်းပါ။

မဲအများစုနဲ့ ဥက္ကဋ္ဌ ဦးဇင်ဝိုင်း ဘာကြောင့်များ ဥက္ကဋ္ဌအဖြစ် အသိအမှတ်ပြုခြင်း မခံရသေးတာလဲ လို့ မေးခွန်း ထုတ်နေကြပါတယ်။

Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။