Home » , » အမျိုးသမီး ဘဲဥ

အမျိုးသမီး ဘဲဥ

Written By မောင်စေတနာ on Thursday, March 29, 2012 | 8:04:00 PM

ဘန်ကောက်က ယာဉ်ထိန်းရဲ (ဓာတ်ပုံများ - bangkok post သတင်းစာ)

မြန်မာပြည်မှာ အမျိုးသမီးတွေ ယာဉ်ထိန်းရဲအဖြစ် လမ်းပေါ်မှာ တာဝန်ထမ်းနေတာ နှစ်ကာလ ရှည်ကြာလှပါပြီ။
အိမ်နီးချင်း ထိုင်းမှာတော့ ဒါက အသစ်အဆန်း ဖြစ်နေပါတယ်။

ထိုင်းအမျိုးသမီးယာဉ်ထိန်းရဲတွေကို လမ်းပေါ် စလွှတ်လိုက်တဲ့ ဇန်န၀ါရီလကုန်ပိုင်းက ဘန်ကောက်ပို့စ်သတင်းစာ သတင်းတပုဒ်က ဒီလို အစပြုပါတယ် -

ဘန်ကောက်မြို့လယ်ရောက် ကားသမားတွေဟာ လမ်းပြပုလိပ်တွေ ခုတလော ပိုပြီးနှစ်လိုဖွယ်ကောင်းလာ၊ ခင်ဖို့ကောင်းလာတယ်လို့ ထင်ကြမှာပါ တဲ့။

ဒီလိုနဲ့ အမျိုးသမီး ရဲတပ်ဖွဲ့ဝင် ၁၈ ယောက် ယာဉ်ထိန်းဌာန ရောက်လာပါတယ်။ ဟိုတုန်းကတော့ သူတို့ဟာ VIP တွေကို လုံခြုံရေးပေးတဲ့ဌာန ကပေါ့။ အမျိုးသမီး လမ်းပြပုလိပ် အစီအစဉ် အကောင်အထည်ဖော်တော့ တပ်ဖွဲ့ဝင်တချို့က လျှောက်လွှာတင်ကြပါတယ် တဲ့။

ကားမောင်းတဲ့သူတွေကို ပြုံးပြမယ်၊ လမ်းရှင်းအောင် တာဝန်ယူပေးမယ် လို့ ဆိုလာတဲ့ အသက် ၂၆ နှစ်အရွယ် ရဲတပ်ကြပ် Atchalee Sirichan က စည်းကမ်းဖောက်ယာဉ်မောင်းတွေကို ဒဏ်ရိုက်ဖို့လည်း အသင့်ပါ ဆိုပဲ။

"ဒဏ်ရိုက်၊ ချလန်ပေးတာမျိုးကို ကျမတို့ အများကြီး လေ့ကျင့်ထားပြီးပြီ" လို့ ပြောပါတယ်။

ဖြတ်ပိုင်းပေးဖို့ အသင့်ပဲ၊
အမျိုးသမီးတွေက ပိုပြီး ထိရောက်တယ်၊
စိတ်ဖိစီးတာတွေ သက်သာရာ ရမယ် ထင်ပါတယ် စသဖြင့် ရဲမေတွေက ဆိုကြပါတယ်။

(ထိုင်း နဲ့ မြန်မာ ယာဉ်ထိန်းရဲတွေ ဦးထုပ် အရောင် တူပါတယ်။
ဦးထုပ်ဖြူဖြူ လုံးလုံး ဆောင်းသူတွေကြောင့် သူတို့ကို ထုံးဘဲဥ လို့ နာမည်ပြောင် ပေးထားကြပါတယ်)


Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။