Home » » ၀က်ခြံကြောင့် ပေါ်လာတဲ့ အမည်း စက်လေး တွေ ဘယ်လို ဖယ်ရှားမလဲ

ဝက်ခြံကြောင့် ပေါ်လာတဲ့ အမည်း စက်လေး တွေ ဘယ်လို ဖယ်ရှားမလဲ

Written By မောင်စေတနာ on Saturday, March 24, 2012 | 10:32:00 PM



ဒီပို့စ်လေးက အများဆုံး တောင်း ဆိုခံ ရတဲ့ ပို့စ် လေးပါ။ ဆယ်ကျော် သက် တွေနဲ့ အဆီပြန်တဲ့ အသားအရေပိုင် ရှင်တွေကို အများဆုံး ဒုက္ခပေးနေတဲ့ ပြဿနာပေါ့။ ရင်နှင်းကိုယ်တိုင်လည်း အသားအရေမကောင်းတော့ သူငယ် ချင်းတို့အတွက်ရော ရင်နှင်းအတွက် ရောအားလုံးအတွက် အဆင်ပြေမယ့် နည်းလေးတွေကို ကြိုးစားပမ်းစားရှာ ထားပါတယ်။

သူငယ်ချင်းတို့အတွက် နည်းနည်းပဲဖြစ်ဖြစ် အထောက်အကူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ထပ်ပိုကောင်းတဲ့နည်းလေးတွေ တွေ့ရင်လည်းပို့စ်တင်ပေးပါအုံးမယ်။ လောလောဆယေ် တာ့  အောကက် နည်း တွေကိုစမ်းကြည့်ပါဦးနော် သူငယ်ချင်း တို့။ ဝက်ြခကံ စပေါ်လာတအဲ့ ချနိ ထ် ကဲ လူကို စိတ်အနှောင့်အယှက်ပေးတယ်။ ပျောက်သွားရင်လည်း အမာရွတ် ကျန် ခဲ့ ရော။

အလှအပကြိုက်တဲ့သူတွေအ တွက်တော့ မဟာရန်သူတော်ကြီးပေါ့။ ဝက်ခြံအဖုက ပေါ်တာခဏပဲ။ ကျန် တဲ့ အမာရွတ်တွေက နှစ်ရှည်လများ စိတ်ဒုက္ခပေးတော့တာ။ အဲဒီတော့ အဲဒီအမာရွတ်တွေကို ကြိုးစားပမ်းစား ရှင်းပစ်ကြရအောင်နော်။ တစ်ခုပြောပြချင်တာကတော့ အောက်ကနည်းတွေက အရမ်းဆိုးတဲ့ အမာရွတ်တွေအတွက်တော့ မရဘူး နော်။

ပြီးတော့ ဝက်ခြံက ပိုးဝင်ရောင် ရမ်းနေရင်လည်း မလုပ်သင့်ဘူးလေ။ ဒါကြောင့် အရမ်းဆိုးတဲ့အမာရွတ်တွေ ရှိရင် ဝက်ခြံတွေက ပိုးဝင်ရောင်ရမ်း နေရင်တော့ အရေပြားအထူးကုဆရာ ဝန်ကြီးတွေကိုပဲ အားကိုးရမှာပါ သူငယ်ချင်းတို့ ရှောက်၊ သံပုရာရည်၊ သံပုရို သံပုရာသီးကတော့ အရေပြားရဲ့ အနာအဆာတွေကို ဖယ်ရှားပေးတဲ့ နေရာမှာ ဆရာကြီး ပေဲ လ။

သပံ ရုာရည် က Citric Acid ဟာ အရေပြားကို နုပျိုစေတဲ့ Alpha Hydroxy Acids (AHA) နွယ်ဝင်ပေါ့။ AHA ဟာဆဲလ် အဟောင်းတွေကို ဖယ်ရှားပေးတယ်။ ဆလဲ အ် သစေ် တြွဖစေ် ပ်ါတာကအိုားပေး တယ။် အရေပြားရဲ့ ကျုဆံ့ နန့် ငို တ် သဲ့ တ္တိ ကို ပြန်လည်ရရှိစေပြီး အမာရွတ်ကို လည်းဖျော့သွားစေတာကြောင့် ဝက်ခြံ အမာရွတ်တွေ အတွက် ကတော့ အရမ်းအ သုံးဝင်တယ်လေ။ အဲဒီတော့သံပုရာ လေးကို အမာပေါ်တို့ထား ပြီး ခဏနေရင် ရေဆေးချလိုက်နော်။ တချို့ကလည်း သံပုရာရည်ကို ညမအိပ်ခင် အမာရွတ် ပေါ်လိမ်းပြီး အိပ်နိုင်တယ်လို့ပြောပါ တယ်။ ဒါပေမယ့်အရမ်းနုတဲ့အသား အရေအတွက်တော့ အဲလိုမလုပ်သင့် ဘူးထင်တာပဲ။

စန္ဒကူး
စန္ဒကူး ကလည်း ဝက်ြခံ အမာရွတ် တွေကို ပျောက်ကင်းစေတဲ့နေရာမှာ နာမည်ကြီးပါတယ်။ ဒါပေမယ့် စန္ဒကူး ကိုနှင်းဆီ နဲ့ ရောပေးရမှာပါ။ ၂ခုရော ပြီးအနှစ်ပျစ်ပျစ်လေးဖြစ်လာတဲ့အခါ လိမ်းအိပ်လိုက်ပါ။ မနက်နိုးရင် မျက် နှာ သစလ် ကိုေ် ပါ။့ အမာရတွေ် တွေ ပျာက် ကင်းသွားတဲ့အထိလုပ်ပေးရမှာပါ။

ခရမ်းချဉ်သီး
ခရမ်းချဉ်သီး ပါးပါးလှီးပြီး အမာ ရွတ်တွေပေါ်ပွတ်ပေးပါတဲ့။ ခရမ်းချဉ် သီးမှာ Vitamin A တွ အများကြီးပါ တယ်လေ။ Vitamin A က ဝက်ခြံတွေ ထွက်တာကို လျော့နည်းစေတယ်။ အသားအရေကို လန်းဆန်းစေတယ်။ အမာရွတ်တွေနဲ့ အသားအရေပျက်စီး တာတွေကိုလည်း ပျောက်ကင်းသက် သာစေတယ်လေ။

သံလွင်ဆီ
သံလွင်ဆီ က စားစရာကို ပိုပြီး အရသာရှိစေသလို သင့်ကိုပိုလှလာ အောင်လည်း စွမ်းဆောင်ပေးနိုင်တယ် နော်။ သံလွင်ဆီကို အမာရွတ်ပေါ်လူ ပြီး နှိပ်နယ်ပေးပါ။ သံလွင်ဆီက အစို ဓာတ်ကို ဖြည့်ဆည်း ပေးပြီးအသားအရေ ကိုနူးညံ့စေလို့ အမာရွတ်တွေကို မသိ သာစေတော့ဘူးပေါ့။

ပျားရည်
ပျားရည် သောက်မယ်၊ ပျားရည် နဲ့ မျက်နှာ ပေါင်းတင်မယ့်ဆိုရင် ပျား ရည်ရဲ့ အစိုဓာတ်ဖြည့်ပေးတဲ့အစွမ်း ကြောင် ဝက်ြခံ အမာရွတ်တွေကို ကုသ ရာမှာ ထိရောက်မူရှိတယ်လေ။ ပျားရည် ကဒီလောက် စားလို့ကောင်းတာ။ အ သားလည်း လှစေတယ်ဆိုတော့ စမ်း ကြည့်သင့်တယ်နော်။

Vitamin E
Vitamin E ကအသားကိုလှစေ တာလူတိုင်းသိတယ်ဟုတ်။ Vitamin E က ဝက်ခြံအမာရွတ်မှ မဟုတ်ဘူးနော်။ အမာရွတ်တိုင်းကို သက်သာပျောက် ကင်းစေနိုင်တယ်လေ။ ကလေးမွေးပြီး လို့ ဗိုက်ကြောပြတ်ကျန်ခဲ့တဲ့သူတွေ အတွက်လည်းအသုံးဝင်ပါသေးတယ်။ ဝက်ခြံအမာရွတ်တွေအတွက်တော့ တော်တော်စွမ်းဆိုပဲ။ Vitamin E အဆီလေး ကို ၀က်ခြံ အမာရွတ်တွေ ပေါ် သေချာစိမ့် ၀င်သွားအောင် လိမ်းပေးပါ။ အမာရွတ် တွေ ဖြည်းဖြည်း သက်သာလာပြီးသိပ် မဆိုးတဲ့အမာရွတ်ဆိုရင် အချိန်တိုအ တွင်းမှာ လုံးဝ သက်သာ ပျောက်ကင်းစေ နိုင်တယ်ဆိုတော့ သူ့အစွမ်းကအံ့မခန်း ပါပဲနော်။

သခွားသီး
အရေပြား ပြဿနာအမျိုးမျိုးမှာ သုံးနိုင်တာကတော့သခွားသီးလေးပါပဲ။ ဝက်ခြံအမာရွတ်တွေမှာလည်း သုံးနိုင် တယ်လေ။ သခွားသီးရည်လတ်လတ် ဆတ်ဆတ်ကို အမာရွတ်တွေပေါ် လိမ်းပေးပြီး မိနစ် ၂၀ ထားပါ။ ပြီး တော့ရေအေးအေးလေးနဲ့ မျက်နှာသစ် လိုက်နော်။ နေ့တိုင်းလုပ်သွားရင် အမာ ရွတ်တွေလည်း သက်သာမည့်အပြင် အသားအရေလည်း လှလာမှာဆိုတော့ စမ်းကြည့်သင့်တာပေါ့။

နည်း တွေက တော့  အများကြီး ပါပဲ သူငယ်ချင်းတို့အတွက် အဆင်ပြေ တာလေးရွေးလုပ်ကြည့်ပေါ့။ အားလုံးက တော့ သူ့ဟာနဲ့သူအစွမ်းထက်မှာပါ။ တခုပဲ စိတ်ရှည်ဖို့ပဲ လိုတယ်နော်။ အမာရွတ်တွေကို ပျောက်ကင်းစေ တယ်ဆိုတဲ့ ကမ္ဘာကျော်ထုတ်ကုန်တွေ တောင် တရက်ကို ၃-၄ ကြိမ် လိမ်း ရပေမယ့် အနည်းဆုံး ၆ လလောက် နေမှ အမာရွတ်တွေပျောက်တာ ဆို တော့လေ။ အဲဒီတော့ ကိုယ်လှဖို့ပဲ သယ်ရင်းတို့ရယ် စိတ်ရှည်ရှည်နဲ့ ကြိုး စားလိုက်ကြစို့နော်။

Source by :http://www.yoyarlay.com/
Share this article :

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။