Home » , » ထင်ရှားတဲ့ သံဃာ၂ပါး ရန်ကုန်မှာတွေ့ဆုံ

ထင်ရှားတဲ့ သံဃာ၂ပါး ရန်ကုန်မှာတွေ့ဆုံ

Written By မောင်စေတနာ on Thursday, March 29, 2012 | 11:34:00 AM

မစိုးရိမ်ဦးဝီရသူက ရွှေည၀ါဆရာတော်ကို သွားရောက်ဖူးမြော်ခဲ့ပါတယ်။

ဆရာတော်ဦးဝီရသူရဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လှုပ်ရှားသွားလာမှုများကို အောက်ပါအတိုင်း တွေ့ရပါတယ် -

မတ်လ ၂၆
- သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရန်ကုန်သစ် ရပ်ကွက်မှာ ဖန္ဒနဇာတ်တော်၊ သံဝရဇာတ်တော် (ပြည်ထောင်စုနှင့်ငြိမ်းချမ်းရေးတရား) ဟောကြားခဲ့ပါတယ်။

မတ်လ ၂၇
- မွန်ပြည်နယ်၊ ဘီလင်းမြို့ ငြိမ်းချမ်းရေးရိပ်မြုံ၊ ဓမ္မာစရိယသင်တန်းကျောင်းမှာ ဓမ္မာစရိယစာမေးပွဲ ဖြေဆိုမယ့် သံဃာတွေကို ထသုံးထတရား - ခရီးထွက်ပါ၊ စာဖတ်ပါ၊ သာသနာအတွက် အလုပ်လုပ်ပါ သြ၀ါဒကထာ မိန့်ကြားပါတယ်။

- ဘီလင်းမြို့ ဓမ္မစံအိမ်မှူး တရားတော် ထွန်းကားရေး လူငယ်အဖွဲ့ရဲ့ ထေရ၀ါဒအထူးဓမ္မသဘင်မှာ "သာသနာမှာ အလိမ်အညာမရှိစေရ" တရား ဟောကြားပါတယ်။

သံဃာထုရော လူထုကပါ နှစ်ထောင်းအားရ ရှိကြတဲ့အတွက် လာမယ့်နှစ် ကြွဖြစ်အောင် ကြွဖို့ လျှောက်ထားကြပါတယ်။ ဒီလို ဖိတ်ကြားသူများထဲမှာ သိက္ခာတော် ၅၅ ၀ါ၊ ၀ါ ၄၀ ရ ဆရာတော်ကြီး ၂ ပါးလည်း ပါဝင်တယ်၊ ဆရာတော်ဦးဝီရသူက တရားပွဲပြီးတာနဲ့ ကားပေါ် တန်းတက်သွားတဲ့အတွက် မြို့လူထုရော သံဃာထုကပါ ဖူးရတာ အားမရကြဘူး၊ တချို့ပရိသတ်တွေက ငိုကြွေးပြီး လာမယ့်နှစ် ကြွဖြစ်အောင် ကြွပါ လို့ လျှောက်ထားကြပါတယ်။

ဆရာတော်က အချိန်မရတဲ့အတွက် ပရိသတ်နဲ့ ထိတွေ့ခွင့် မရခဲ့၊ ပရိသတ် ရင်ဖွင့်စကားကို မကြားနာခဲ့ရတဲ့အတွက် သံဃာထုကိုရော လူထုကိုပါ အားနာမိတယ်၊ လာမယ့်နှစ်မှာ ရင်းနှီးပွင့်လင်းစွာ ဆက်ဆံနိုင်ဖို့ အချိန်ပေးမယ် လို့ ကတိပြုခဲ့တဲ့အကြောင်း မိန့်ကြားပါတယ်။

ဆရာတော်ဦးဝီရသူရဲ့ တရားတော်တွေကို စာသင်သား သံဃာတွေ အထူး စိတ်ဝင်စားကြတဲ့အတွက် မြောက်ဥက္ကလာ ၀ိမုတ္တိသင်္ကန်းတိုက်က ဦးတင်ယု၊ သင်္ဃန်းကျွန်းမြို့နယ်က ယာဉ်အလှူရှင် ဦးမောင်မောင် တို့က ဆရာတော်ဦးဝီရသူရဲ့ တရား DVD အချပ် တရာကို သံဃာတွေကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။














Source by :http://www.irrawaddyblog.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။