Home » » နာပိုလီ၌ ၂၀၁၆ အထိရှိနေ တော့မယ့် မာရက်ဟမ်ဆစ်

နာပိုလီ၌ ၂၀၁၆ အထိရှိနေ တော့မယ့် မာရက်ဟမ်ဆစ်

Written By မောင်စေတနာ on Wednesday, March 14, 2012 | 2:09:00 AM



နာပိုလီအသင်းဟာ အသင်းရဲ့ တိုက်စစ်အားသန်ကွင်းလယ်လူ မာရက်ဟမ်ဆစ်ကို ၁နှစ်သက်တမ်းတိုးစာချုပ် ချုပ်ခဲ့ကြောင်း သိရှိရသည်။ ၎င်းစာချုပ်အရ ဆလိုဗက်ကီးယားလက်ရွေးစင် ဟမ်ဆစ်အနေဖြင့် နာပိုလီအသင်းတွင် လာမည့် ၂၀၁၆ ခုနှစ် ဇွန်လအထိ ရှိနေတော့မည်ဖြစ်သည်။

စာချုပ်သစ်ကြောင့် ဟမ်ဆစ်အား ခေါ်ယူရန် ကြိုးပမ်းနေကြသော ချယ်ဆီး ၊ ပီအက်ဂျီနှင့် မန်ချက်စတာယူနိုက်အသင်းတို့ အနေနှင့် လက်လျှော့ရတော့မည် အခြေအနေတရပ် ဖြစ်ပေါ်စေခဲ့သည်။

ဒီအသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူဟာ ၂၀၀၇ ခုနှစ်တွင် ဘရက်စီယာအသင်းမှ နာပိုလီအသင်းသို့ ပြောင်းရွေ့လာခဲ့သူဖြစ်သည်။ ဟမ်ဆစ်ဟာ ယခုချိန်အထိ နာပိုလီအသင်းအတွက် စီးရီးအေပွဲစဉ် ၁၆၉ ပွဲကစားကာ ၄၈ ဂိုးသွင်းယူထားပေးပြီး အသင်းရဲ့ မရှိမဖြစ်ကစားသမား တဦးအဖြစ် ရပ်တည်ကာ ခြေစွမ်းပြလျက်ရှိသည်။

နာပိုလီအသင်းဥက္ကဌ ဒီလော်ရန်ဆန်းတစ်က “ ဒီနှစ်ပိုင်းတွေမှာ ဟမ်ဆစ်အတွက် ကမ်းလှမ်းမှု့တွေများစွာ ရရှိထားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နဲ့ ၂၀၁၆အထိရှိနေမယ့် စာချုပ်တခု သူ့မှာရှိနေပါပြီ။ ” ဟုဖွင့်ဟခဲ့သည်။

Source by :http://mutdfan.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။