Home » , » The Lady မိတ်ဆက်ပွဲ ထိုင်းဝန်ကြီးချုပ် ယင်လပ် တက်ရောက်

The Lady မိတ်ဆက်ပွဲ ထိုင်းဝန်ကြီးချုပ် ယင်လပ် တက်ရောက်

Written By မောင်စေတနာ on Friday, February 3, 2012 | 3:27:00 PM



ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ဇာတ်ကြောင်းကို ရိုက်ကူးထားသည့် The Lady ရုပ်ရှင်ကား မိတ်ဆက် ဖွင့်လှစ်သော အခမ်းအနားကို ဇန်န၀ါရီလ ၃၁ ရက်နေ့ ညနေတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့Paragon Cineplex, Siam Paragon ၌ ကျင်းပရာ ထိုင်းဝန်ကြီးချုပ် မစ္စ ယင်လပ် ရှီနာတ၀ါ လည်း တက်ရောက်ခဲ့သည်။

ယင်းအခမ်းအနားသို့ သက်ဆိုင်ရာ တာဝန်ရှိသူများအပါအ၀င် The Lady တွင် ဒေါ်အောင်ဆန်းစုကြည် အဖြစ် သရုပ်ဆောင်သည့် ကမ္ဘာကျော် ဟောလိဝုဒ် မင်းသမီး မီရှဲလ်ယိုးနှင့် ဇာတ်ကားရိုက်ကူးသော ပြင်သစ် ဒါရိုက်တာ Luc Besson တို့လည်း ကိုယ်တိုင် တက်ရောက်ကြသည်။

အခမ်းအနား၌ မီရှဲလ်ယိုးက ရေဘေး ကယ်ဆယ်ရေးအတွက် ထိုင်း ဘတ် တသိန်း လှူဒါန်းကြောင်း ၎င်း၏ ကိုယ်ပိုင် ၀က်ဘ်ဆိုက် တွင် ဖော်ပြထားသည်။ထိုရုပ်ရှင် ဇာတ်ကားအား ဖေဖော်ဝါရီ ၂ ရက်မှ ၁၆ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် မြန်မာ အလုပ်သမား များစွာရှိသော စမွတ်စခွန်ခရိုင် မဟာချိုင်မြို့များတွင် ပြသမည်ဖြစ်ပြီး ရုံဝင်လက်မှတ်များလည်း ရောင်းချနေကြောင်း သိရသည်။

The Lady ကို Major Cineplex Group Public Co। Ltd। က IT Computer အဖွဲ့သို့ ဈေးကွက်မြှင့်တင်ရေးအနေဖြင့် အဆိုပါမြို့များတွင် ပြသခွင့် ပေးထားခြင်းဖြစ်သည်ဟုလည်း တာဝန်ရှိသူတစ်ဦးက ပြောဆိုထားသည်။

မလေးရှားနိုင်ငံတွင် ပြသမည့် ရက်ကို သတင်း ကွန်ယက်မှ Golden Screen Cinema သို့ ဆက်သွယ် မေးမြန်းရာ ဖေဖော်ဝါရီ ၁၆ ရက်နေ့ အစမ်းရုံ တင်မည်ဖြစ်ကြောင်း သိရှိရသည်။

အောင်ခင် (သတင်းကွန်ယက်)
Ref : Bangkokpost
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။