Home » , » ပြည်တွင်းပြည်ပ သံဃာတော် အပါးကိုးရာကျော်ဖြင့် ဗုဒ္ဓသာသနာတော်လုံး ဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးကြီး ကျင်းပ

ပြည်တွင်းပြည်ပ သံဃာတော် အပါးကိုးရာကျော်ဖြင့် ဗုဒ္ဓသာသနာတော်လုံး ဆိုင်ရာ ရွှေကျင်နိကာယ သံဃာ့အစည်းအဝေးကြီး ကျင်းပ

Written By မောင်စေတနာ on Tuesday, February 7, 2012 | 7:30:00 PM



ဗုဒ္ဓသာသနာတော်လုံး ဆိုင်ရာ ရွှေကျင်နိကာယသံဃာ့ အစည်းအဝေးဖွင့်ပွဲ အခမ်းအနား ကျင်းပနေစဉ်

ပြည်တွင်းပြည်ပ သံဃာတော် အပါး ၉၀၀ ကျော်ဖြင့် (၁၈)ကြိမ်မြောက် ဗုဒ္ဓသာသနာတော်လုံးဆိုင်ရာ ရွှေကျင်နိကာယသံဃာ့ အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ဇန်န၀ါရီလ ၃၁ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အောက်ဝါးနက်ချောင်း ကျေးရွာရှိ ဓမ္မဒူတဇေတ၀န်တောရ ဆေကိန္ဒာရာမကျောင်းတိုက် ၌ ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနား ကို ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံမှ နိုင်ငံတော် သြ၀ါဒစရိယရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု ဒေါက်တာဘဒ္ဒန္တအဂ္ဃိယ(မန္တလေးမဟာဝိသုဒ္ဓါရုံတိုက်သစ်)၊ ရွှေဟင်္သာတိုက်သစ် ဆရာတော် (ရန်ကင်း)၊ မဏ္ဍိတာရာမ ရွှေတောင်ကုန်း ဆရာတော်၊ ချမ်းမြေ့ဆရာတော် စသည့်ဆရာတော်များ ဦးဆောင်သော ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ရွှေကျင်ဂိုဏ်းဝင် သံဃာတော်များ၊ အင်္ဂလန်၊ ဂျပန်၊ တောင်ကိုရီးယား၊ သီရိလင်္ကာ၊ ထိုင်းစသည့်နိုင်ငံများမှ ရွှေကျင်နွယ်ဝင် သံဃာတော် အပါး ၉၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရွှေကျင်နိကာယာဓိပတိ ဥက္ကဋ္ဌမဟာနာယက ဓမ္မသေနာပတိစုဒ္ဒသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက မန္တလေး မဟာဝိသုဒ္ဓါရုံ ၀ါဆိုဆရာတော် ဘုရားကြီးက သြ၀ါဒစကား မိန့်ကြားခဲ့ပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးမြင့်မောင်နှင့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေတို့က သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။

ထို့အပြင် ရွှေကျင်သမိုင်းကြောင်းဆိုင်ရာ ပြခန်းကို ဖွင့်လှစ်ပေးထားပြီး ရွှေကျင်သာသနာဆိုင်ရာ စာတမ်းများဖတ်ကြားခြင်း၊ ညစဉ် တရားပွဲကျင်းပခြင်းများ ပါဝင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ဂိုဏ်ခွဲပေါင်း ကိုးဂိုဏ်းရှိပြီး ရဟန်းသံဃာဦးရေ စုစုပေါင်း ခြောက်သိန်း ၀န်းကျင်ရှိရာတွင် ရွှေကျင်ဂိုဏ်းဝင် ရဟန်းသံဃာတော် ဦးရေမှာ ခြောက်သောင်းဝန်းကျင်ရှိကြောင်း သိရသည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။