Home » , » အခြေခံပညာအဆင့် ကျောင်းသားကျောင်းသူများ၏ စာမေးပွဲများအား မတ်လမတိုင်မီ အပြီးသတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရ

အခြေခံပညာအဆင့် ကျောင်းသားကျောင်းသူများ၏ စာမေးပွဲများအား မတ်လမတိုင်မီ အပြီးသတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရ

Written By မောင်စေတနာ on Thursday, February 16, 2012 | 1:37:00 PM



အခြေခံပညာအဆင့် ကျောင်းသားကျောင်းသူများ၏ စာမေးပွဲများအား မတ်လမတိုင်မီ အပြီးသတ်စစ် ဆေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အခြေခံပညာကျောင်းများ၌လည်း စာမေးပွဲများဖြေဆိုရန်အတွက် အချိန်စာရင်းများကို ထုတ်ပြန်ထားရှိ သွားမည်ဖြစ်ပြီး အဆိုပါစာမေးပွဲများကို နှစ်စဉ်နှစ်တိုင်း မတ်လမတိုင်မီ အပြီးသတ် စစ်ဆေးလေ့ရှိကြောင်း သိရှိရသည်။

အခြေခံပညာကျောင်းများတွင် မူလတန်းအောက်ဆင့်ဖြစ်သည့် သူ ငယ်တန်း၊ ပထမတန်းနှင့် ဒုတိယတန်းကျောင်းသားကျောင်းသူများ၏ အခန်းဆုံးစာမေးပွဲစစ်ဆေးမှုများအား ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိလည်းကောင်း၊ မူလတန်းအလယ်ဆင့်နှင့် အထက်ဆင့်များဖြစ်ကြသည့် တတိယတန်းမှ သတ္တမတန်းအထိ ကျောင်းသား ကျောင်းသူများ၏ အခန်းဆုံးစစ်ဆေးမှုများအား ဖေဖော်ဝါရီလ ၂၂ ရက် မှ ၂၄ ရက်နေ့အထိ လည်းကောင်း အသီးသီး သတ်မှတ်ထားကြောင်း သိရှိရသည်။

အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်များဖြစ်ကြသည့် အဌမတန်းနှင့် န၀မတန်းအဆင့် ကျောင်းသားကျောင်းသူများ၏ ဒုတိယနှစ်ဝက်ဆုံး စာမေးပွဲစစ်ဆေးမှုများအား ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိလည်းကောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအကြို စစ်ဆေးမှုများအား ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ ၂၁ ရက်နေ့အထိ လည်းကောင်း စစ်ဆေးရန် ကျောင်းအချို့တွင် အချိန်စာရင်းများ ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

''ကျောင်းတွေက တစ်ကျောင်းနဲ့ တစ်ကျောင်းတော့ စာမေးပွဲဖြေဖို့ အချိန်စာရင်းထုတ်ပြန်တာ နည်းနည်းတော့ကွာပါတယ်။ ဒါပေမယ့်အခြေခံပညာကျောင်းတွေကတော့ မတ်လမတိုင်မီကို စာမေးပွဲအပြီးစစ်ဆေးကြတာပါ'' ဟု ရန်ကင်းမြို့နယ်၊ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။