Home » , » ရွာဘုန်းကြီးပျံပွဲမှာ ဆိုင်ကယ်အစောင့်လုပ်ပြီး စာသင်ခုံဖိုး ရှာဖွေနေရသော ကျောင်းဆရာများ

ရွာဘုန်းကြီးပျံပွဲမှာ ဆိုင်ကယ်အစောင့်လုပ်ပြီး စာသင်ခုံဖိုး ရှာဖွေနေရသော ကျောင်းဆရာများ

Written By မောင်စေတနာ on Friday, February 3, 2012 | 4:30:00 AM



ပိုမို လျော့နည်းလာသည့် ပညာရေး ဘတ်ဂျတ် အသုံးစရိတ်ကြောင့် စာသင်ကျောင်းများနှင့် ကျောင်း ဆရာဆရာမများမှာ အခက်အခဲများနှင့် ကြုံတွေ့နေရလေသည်။ ၃၁ ရက်နေ့ လွှတ်တော်အစည်းအဝေးတွင်မူ လက်ရှိပညာရေး ဘတ်ဂျတ်ထက် ၂ ဆ တိုးသွားမည်ဟု အာဘောင်အာရင်းသန်သန်ဖြင့် ကတိတော့ဖြင့် ပေးထားပြန်ပါသည်။ ဤအတွက် မြန်မာကျောင်း ဆရာဆရာမများ မုဒိတာပွားနေကြကြောင်း မောက္ခက သတင်းရရှိပါသည်။

ပညာရေးသမားကြီးတစ်ဦးဖြစ်သူ မွန်ပြည်လုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းကမူ ပညာရေးဘတ်ဂျက်ကို အဆ ၂၀ အထိ တိုးမြှင့်ပေးသင့်သည်ဟု ပညာရေးအတွေ့အကြုံ၊ ပညာရေးခံစားချက်ဖြင့် အကြံပြုထားသည်။ ဆရာတစ်ဦးကျောင်း၊ ဆရာ ၂ ဦးကျောင်းများ အထောင်အသောင်း ရှိနေသေးသည် မဟုတ်ပါလား။

သံဖြူဇရပ်မြို့၊ နှစ်ကိုင်းကျေးရွာတွင်မူ ရွာသူရွာသူများနှင့် ကလေးသူငယ်များ လွန်စွာ ၀မ်းမြောက်ဖွယ်ရာ မင်္ဂလာသတင်းကို ကြားသိလိုက်ရကြသည်။ အထက (ခွဲ) လျှောက်ထားခဲ့သည်ကို ခွင့်ပြုမိန့်ကျလာခြင်းပင်တည်း။ တိုင်းပြည်အမှန်တကယ် ပြောင်းလဲစပြုနေပြီလားဟု အားရ၀မ်းသာဖြစ်ကြရသည်။

သို့သော် ကျောင်းကိုမူ သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာန၊ ပြည်နယ်ပညာရေးဌာနတို့က တာဝန်ယူ ဆောက်ပေးရကောင်းမှန်း မသိတတ်ကြသေးပါ။ အဘယ်အတွက် ပညာရေးဌာနတို့ တည်ရှိနေပါသနည်း။ ပညာရေးဝန်ကြီးဌာနမှာ စာသင်ကျောင်းဆောက် ရန် တာဝန်မရှိပါက အဘယ်မည်သော တာဝန်များယူထားကြပါသနည်း။ နှစ်ကိုင်းရွာသားတို့ သိလိုလှကြောင်း ရင်ဖွင့် တင်ပြလာကြသည်။

ခေတ်မီဖွံ့ဖြိုးသော နိုင်ငံတော်သစ်ကို ပညာရေးဖြင့် တည်ဆောက်အံ့ဟု ကြွေးကြော်နေလေရာ သံဖြူဇရပ်၊ နှစ်ကိုင်းရွာ သား ကျောင်းဆရာဆရာမတို့ မနေသာပြီ။ ရွာ့အရေး၊ နိုင်ငံအရေးမို့ ကိုယ်တိုင်ပင် အလှူခံထွက်ပြီး `ကိုယ်ထူကိုယ်ထ နိုင်ငံတော်ကျောင်း´ ကို တည်ထောင်ကြရန် အားထုတ်ကြရတော့သည်။

အလှူရှင်အချို့က စေတနာဖြင့် လှူဒါန်းကြသလို၊ အချို့မှာ ကျောင်းဆရာဆရာမများအပေါ် မကြေမနပ်။ အားမနာပ မြည်တွန် တောက်တီး၍ ပိတ်သလေး ဘေးပစ် မှိုးချိုးမျှစ်ချိုး ပြောပြီးသကာလ ကလေးများ ပညာရေးအတွက် အလှူ ထည့်ဝင်ပါကြသည်ဟု ဆိုပါသည်။ မြန်မာရွာ၊ မွန်ရွာပီပီသသ ထောက်ခံသူ၊ ကန့်ကွက်သူ၊ ကြားနေသူ စသည်ဖြင့် ၃-၄ ဂိုဏ်းလောက် ကွဲနေသည်ဟု သတင်းရရှိပါသည်။

သို့သော် ပညာရေ့းမို့ ကျောင်းဆရာဆရာမများခမျာ အပြုံးမပျက်ပါ။ စာသင်ခန်းထဲတွင်လည်း အပြုံးပန်းကိုဆင်၊ ရွာသူကြီးရှေ့တွင်လည်း အပြုံးပန်းကိုဆင်ပါဟု ပညာရေးကောလိပ်တွင် လေ့ကျင့်ထားခဲ့ကြသည်ပဲ။

ရွာသားအချို့က ဤသို့ အကြံပေးခဲ့ကြသည်။ ကျောင်းဆရာတွေ စာသင်ခုံမရှိရင် ရွာဘုန်းကြီးပျံပွဲမှာ စက်ဘီး၊ ဆိုင်ကယ်အစောင့်လိုက်ကြတဲ့။ ရတဲ့ပိုက်ဆံနှင့် စာသင်ခုံဆောက်ကြတဲ့။

ဤတွင် ပညာရည်တိုးတက်လိုသူ နိုင်ငံ့ဝန်ထမ်း ကျောင်းဆရာများကလည်း ပညာရေး ဘတ်ဂျတ် ၂ ဆ တိုးမည့် လွှတ်တော် သတင်းကို အသာထား၍ စာသင်ခုံ ရရှိရေးအတွက် လာမည့် ဘုန်းကြီးပျံပွဲတွင် ဆိုင်ကယ်အစောင့် လုပ်ကြမည်ဟု သတင်းရရှိပါကြောင်း။

Source by : http://www.maukkha.org/
Share this article :

1 comments:

မဒမ်ကိုး said...

ဒါကိုထင်မြင်ချက်ပေးရရင်တခါတလေ တချို့ဆရာဆရာမတွေကလဲ ဆိုးတာကိုးးး အရမ်းအိပ်ထဲထည့်လွန်းတော့ အကုန်အမြင်မကြည်တွေဖြစ်ကုန်တော့ မြည်တွန်တောက်တီးကုန်ကျတာလေ .
အဲဒါတွေကလဲဘာလဲဆိုတော့ လာဘ်ပေးလာဘ်ယူရဲ့ ရလာဘ်တွေကနေ နောက်ဆက်တွဲတွေအကုန်ရိုက်ခတ်ကုန်တာပါပဲ

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။