![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYMPxW_2edIvPWrJuLkIkGxCQfEP3dpYLeru_7k3gyiHnGQ9QwAoTlgYlw_yeP_Z8i87VBphT00l6DKAHa_ixYySS5Jb8nG20VwjpYzjV7fsZrcev6FH5fGU8su06f1bwAQFFAYg0WSkkI/s400/sa.jpg)
နောဝှစ်ကွင်းတွင် သက်ကြီးကစားသမား စခိုးနှင့် ဂစ်၏နောက်ကျဂိုးများဖြင့် မန်စီးတီနောက်(၂)မှတ်အကွာဖြင့် ဖိအားပေးလျက်ရှိသည်။ နောဝှစ်သည် ခြေစွမ်းမညံ့သော အသင်းပီပီ ဘောလုံးကိုကိုင်ကာ မန်ယူနှင့်အပြိုင် ခြေရည်တူကစားနိုင်ရုံမက မန်ယူထက်ပင် ဘောလုံးပိုင်ဆိုင်မှုပိုမို သာလွန်ခဲ့သည်။ နောဝှစ်၏ အပိုင်လုံးများကို ဂိုးသမား ဒီဂီအာ လက်စွမ်းပြကာကွယ်နိုင်ခဲ့သည်။
မန်ယူသည် ပွဲစပြီး (၇) မိနစ်တွင် ပေါစခိုးက နာနီဖြတ်တင်ဘောမှတဆင့် ခေါင်းတိုက်သွင်းယူခဲ့သည်။ နောဝှစ်သည် (၁)ဂိုးပေးထားရသော်လည်း စိတ်ဓာတ်မကျဘဲ အချိတ်ဆက်မိမိကစားနိုင်ခဲ့သည်။ မန်ယူဂိုးသမားဒီဂီအာ လက်စွမ်းပြမှုကြောင့် နောဝှစ်တို့ ဂိုးရရန်ခက်ခဲခဲ့သည်။သို့သော် (၈၄) မိနစ်တွင် ၀ှစ်ဘရက်၏ဖြတ်တင်ဘောမှတဆင့် ဟို့လ်တ်က ခြေပဂိုးသွင်းယူခဲ့သည်။
မန်ယူတို့ ဖိအားဝင်သွားပြီး တရစပ်တိုက်စစ်ဆင်ကာ(၉၁)မိနစ်တွင်ယန်း၏ဖြတ်တင် ဘောမှတဆင့် ဂစ်က အနိုင်ဂိုးကို သွင်းယူခဲ့သည်။ ပွဲချိန်တွင် အေးဆေးစွာ ကစားခဲ့သော်လည်း နိုင်ဂိုးလိုအပ်ချိန်တွင် ကြိုးစားကစားကာ သရဲနီစိတ်ဓာတ်ပြသနိုင်ခဲ့သည်။
ယနေ့ပွဲ၏ အကောင်းဆုံး ကစားသမားဆုကို မန်ယူအသင်း၏ ဂိုးသမား ဒီဂီအာမှ ရရှိသွားခဲ့သလို ဂစ်သည်လည်းသူ၏ပွဲ (၉၀၀)မြောက်ပွဲကို သူသွင်းသော အနိုင်ဂိုးဖြင့်အောင်ပွဲခံနိုင်ခဲ့သည်။
Source by :http://mutdfan.com/

0 comments:
Post a Comment