Home » , , » “ ဘာမှမပြောချင်ပါဘူး မျက်နှာပဲကောင်းချင်တယ်”

“ ဘာမှမပြောချင်ပါဘူး မျက်နှာပဲကောင်းချင်တယ်”

Written By မောင်စေတနာ on Sunday, February 26, 2012 | 4:07:00 AM


လှည်းတန်းဗုံးကွဲမှုတွင် ဒဏ်ရာရခဲ့သူ မခင်မြတ်နွယ်နှင့် တွေ့ဆုံမေးမြန်းခြင်း
Yangon Press International
ဖေဖေါ်ဝါရီ ၂၄၊ ၂၀၁၂ (YPI)

အင်တာဗျူးကောက်နုတ်ချက်

ယမန်နှစ် ဒီဇင်ဘာ ၂၁ ရက်နေ့က လှည်းတန်းလမ်းဆုံ အများသုံး သန့်စင်ခန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ယင်းသန့်စင်ခန်း ၀န်ထမ်း တဦးသေဆုံးပြီး တဦးမှာ ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသွားသူ မခင်မြတ်နွယ်မှာ ဆေးရုံတွင်လနှင့်ချီ ကုသမှုခံယူလျက်ရှိသည်။

YPI ။ ။ အခုလို ဗုံးဖောက်ခွဲတဲ့လူတွေအပေါ်ဘာများပြောချင်ပါသလဲ။

မခင်မြတ်နွယ်။ ။ ဘာမှမပြောချင်ပါဘူး ။ ဒါကတော့ ကိုယ့်ကုသိုလ်ကံပေါ့နော်။ ကုသိုလ်ကံမကောင်းဘူး။သူလည်းတစ်နေ့ကျရင် သူ့ဒုက္ခနဲ့သူ သွားမှာဘဲ။ သူ့လည်းကိုယ်ဘာမှ မလုပ်ချင်ဘူး ။ကိုယ့်ကုသိုလ်ကံ မကောင်းလို့ပေါ့နော် ။ဟိုဘ၀က ဒီလိုဖြစ်မယ်ဆိုတာ ပါလာလို့ဖြစ်တာဘဲ။ အဲလိုမျိုးတော့ယူဆတယ်။ ကိုယ်ကမှ ကုသိုလ်ကံကောင်းတယ်လို့ ပြောရအုန်းမယ် ဟိုတစ်ယောက်ဆို သေသွားတာ တစ်စစီဖြစ်သွားတယ် ။

ကိုယ်လည်းပြန်ပြန်ပြီး ဖြေသိမ့်တယ်။ ဘယ်သူ့ကိုမှ ပြစ်မတင်ပါဘူး ။ ကုပေးတဲ့လူကိုတော့ ကျေးဇူးတင်တယ်။ အစိုးရကုပေးတယ်ပြောတာပါဘဲ။ ကိုယ်တော့မမြင်ရပါဘူး။ ကိုယ်က ဘာမှမ၀ယ်ရဘူး သူတို့လာလုပ်ပေးတာ အသင့်နေရတာဘဲရှိတယ်။ သူတို့ကိုတော့ ကုလက်စနဲ့ မျက်နှာလေးပါကောင်းအောင် ကုပေးပါလို့တော့ စာတင်ခိုင်းထားတယ်။ ကုပေးတော့လည်း ကိုယ့်ကုသိုလ်ကံပေါ့ မကုပေးတော့လည်း ကိုယ့်ကုသိုလ်ကံပေါ့နော်။

YPI။ ။ နောက်ရောဘာပြောချင်ပါသေးလဲ။

မခင်မြတ်နွယ်။ ။ ဘာမှမပြောချင်ပါဘူး မျက်နှာပဲကောင်းချင်တယ်။ မျက်နှာပြန်ကောင်းချင်တယ်။ အဲဒါ အလုပ်မြန်မြန်ပြန်လုပ်လို့ရအောင် ။ ဒီမျက်နှာနဲ့ ကျတော့ ဘယ်မှမသွားရဲဘူး ။ ယောင်္ကျားးလေး ဆိုရင်တော့ မလုပ်ခိုင်းဘူးပေါ့ ။မိန်းခလေးဖြစ် တော့လည်းရှက်တာပေါ့ လူကြားထဲအလုပ်လုပ်ရမှာလေ။ မကောင်းတာ လုပ်စားတာလည်းမဟုတ်ဘူး ။

လူတော သူတောထဲမှာ သူများတွေဝိုင်းကြည့်တော့ အားငယ်တာပေါ့ ။ မျက်နှာ မကောင်းတာတော့ အဲလိုမျိုးပေါ့နော် ဟိုတစ်လောက ဆိုမှန်ထဲကြည့်ကြည့်ပြီး ကိုယ့်ဘာသာ ကိုယ်ငိုရတယ်။ ခြေထောက်တွေ လက်တွေ မကောင်းတာတော့ ကိစ္စမရှိဘူးပေါ့နော်။

အခင်းဖြစ်ပွားသည့် ဒီဇင်ဘာ ၂၁ ရက်နေ့ ဗုံးကွဲပြီး မိနစ်အနည်းငယ်အကြာ ဒဏ်ရာရရှိသူ မခင်မြတ်နွယ်အား သယ်ဆောင်သွားစဉ်၊ (ဓါတ်ပုံ-YPI)

ညွှန်း -
Yangon Press International http://www.facebook.com/ygnpress
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။