Home » , » မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ပုဂ္ဂလိကပါဝင်ရင်းနှီးမြှပ်နှံမှုကို စတင်ခွင့်ပြုသွားမည်

မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ပုဂ္ဂလိကပါဝင်ရင်းနှီးမြှပ်နှံမှုကို စတင်ခွင့်ပြုသွားမည်

Written By မောင်စေတနာ on Saturday, February 4, 2012 | 3:30:00 PM



မြန်မာ့ ဆက်သွယ်ရေးကဏ္ဍ တည်ဆောက်ရေးနှင့် ၀န်ဆောင်မှုကဏ္ဍများတွင် ပုဂ္ဂလိကပါဝင်ရင်းနှီးမြှပ်နှံမှုကို စတင်ခွင့်ပြုသွားမည် မြန်နှုန်းမြင့် မိုက္ကရိုဝေ့ဗ်ဆက်ကြောင်းများ၊ အဆင့်မြင့်နည်းပညာသုံး ဖိုင်ဘာ ဆက်ကြောင်းများတည်ဆောက်မည်ဟု ပြည်ထောင်စုဝန်ကြီး ပြောကြား

မြန်မာ့ဆက်သွယ်ရေးကဏ္ဍ တည်ဆောက်ရေးနှင့် ၀န်ဆောင်မှုကဏ္ဍများတွင် ပုဂ္ဂလိက ပါဝင်ရင်းနှီးမြှပ်နှံမှုကို စတင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် ဆက်သွယ်ရေး၊ စာ တိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၏ နိုင်ငံတော် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပါတ်သက်၍ ရှင်းလင်းပြော ကြားရာတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းကထည့်သွင်းပြောကြား ခဲ့သည်။

မြန်နှုန်းမြင့် မိုက္ကရိုဝေ့ဗ်ဆက် ကြောင်းများကို ရန်ကုန် - ပြည် - မကွေး-နေပြည်တော်၊ မကွေး - ရေနံချောင်း - ပုပ္ပါး - မြင်းခြံ - မန္တလေး၊ ရန်ကုန် - မအူပင်-မြောင်းမြ - ပုသိမ်၊ မော်လမြိုင် - ထားဝယ်၊မန္တလေး - ကလေး၊ မန္တလေး - မူဆယ်၊ မိတ္ထီလာ - တောင်ကြီး၊တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်၊ မန္တလေး - မြင်းမူ - ချောင်းဦး - မုံရွာမြို့များတွင် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန် - ပြည်-မကွေး - သစ်ရာကောက် - တောင်တွင်းကြီး - နတ်မောက် - ပျော်ဖွယ် - နေပြည်တော်ဒေသများကို မြို့ချင်းဆက် ဖိုင်ဘာဆက်ကြောင်း၊ တောင်တွင်းကြီး - ညောင်ဦး-မြင်းခြံ - တံတားဦး-မန္တလေး၊ မန္တလေး - စစ်ကိုင်း - မြင်းမူ-ချောင်းဦး - မုံရွာဒေသများကို အဆင့်မြှင့်နည်းပညာသုံး ဖိုင်ဘာဆက်ကြောင်းများ၊ထားဝယ် - မြိတ် - ကော့သောင်းမြို့များတွင် ဖိုင်ဘာဆက်ကြောင်းများ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးများနှင့်ပြည် နယ်မြို့တော်များတွင် အိုင်ပီထရန်စစ် ၀င်ပေါက်ထွက်ပေါက်စခန်းများ တပ်ဆင်ရေးနှင့် မြို့ကြီးများနှင့် နယ်မြို့များရှိ ခေတ်ဟောင်းအိတ်ချိန်းများအား အစားထိုးလဲလှယ်ခြင်းများ၊ သတင်းနှင့် အချက်အလက် စုံစမ်းရေး ဗဟိုဌာနတစ်ခုကို ပုဂ္ဂလိကနှင့်ပူးပေါင်းဖွင့်လှစ်ဆောင်ရွက်မည့်အပြင် သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ အင်တာနက်သုံးစွဲမှုများတွင် ဆိုက်ဘာလုံခြုံရေး၊ မြှင့်တင်ရေးကိစ္စ ဆောင်ရွက် မည်ဖြစ်ကြောင်း သိရှိရသည်။

''မြန်မာ့ဆက်သွယ်ရေးကဏ္ဍ တည်ဆောက်ရေးနှင့် ၀န်ဆောင်မှုကဏ္ဍများမှာ ပုဂ္ဂလိက ပါဝင်ရင်းနှီးမြှပ်နှံမှုကို စတင်ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။မြို့ပြ၊ကျေးလက်တွေမှာ တယ်လီဖုန်းတိုးချဲ့တပ်ဆင်သွားပြီး တယ်လီဖုန်းလုံးရေ ၂၂၂၈၆၇၉နှင့် တယ်လီဖုန်း သိပ်သည်းဆ ၄।၂၈ ရာ ခိုင်းနှုန်းဖြစ်အောင်၊ အင်တာနက်သုံး စွဲသူ ၅၀၀၀၀၀ ဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

တယ်လီဖုန်းကဏ္ဍတွင် အော်တို တယ်လီဖုန်းနှင့် မိုဘိုင်းတယ်လီဖုန်း စုစုပေါင်းလုံးရေ ၁၇၉၉၆၅ လုံး တပ်ဆင်ပေးရန် လျာထားမှာဖြစ်ပါတယ်။ မိုဘိုင်း တယ်လီဖုန်းတိုးချဲ့ခြင်းစီမံကိန်း ပထမနှစ်လိုင်း ၄ သန်းတိုးချဲ့ခြင်းလုပ်ငန်း စတင်ဆောင်ရွက်မှာဖြစ်ပါတယ်''ဟု ဆက်သွယ်ရေး၊စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၏ နိုင်ငံတော် အမျိုးသားစီမံကိန်းဥပဒေ ကြမ်းနှင့် ပါတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ထည့်သွင်းပြောကြားခဲ့သည်။

Source by : http://first-11.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။