Home » » ဗုဒ္ဓဝိဟာရ မြန်မာဗုဒ္ဓဘာသာကျောင်း (မလေးရှား) ၌ ထမနဲထိုးပွဲကျင်းပမည်

ဗုဒ္ဓဝိဟာရ မြန်မာဗုဒ္ဓဘာသာကျောင်း (မလေးရှား) ၌ ထမနဲထိုးပွဲကျင်းပမည်

Written By မောင်စေတနာ on Tuesday, February 7, 2012 | 9:30:00 AM



ဗုဒ္ဓဝိဟာရ မြန်မာဗုဒ္ဓဘာသာကျောင်း (မလေးရှား) ပထမအကြိမ် ထမနဲထိုးပွဲ ဖိတ်ကြားလွှာ

၁၃၇၃ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၅) ရက် ( ၁၂ - ၀၂ - ၂၀၁၂ ) တနင်္ဂနွေနေ့၌ မလေးရှားနိုင်ငံ၊ ချရတ်စ်၊ ဗုဒ္ဓဝိဟာရ မြန်မာဗုဒ္ဓဘာသာ ကျောင်းတော်ကြီးတွင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ၏ ရိုးရာဓလေ့ ထုံးထမ်းစဉ်လာအရ ဆယ်နှစ်လရာသီ ပွဲတော်တို့တွင် တစ်ခုအပါဝင်ဖြစ်သည့် ထမနဲပွဲတော်ကို ပြုလုပ်ကျင်းပမည် ဖြစ်ပါ၍ အောက်ပါ အစီအစဉ်အတိုင်း ဓမ္မမိတ်ဆွေ သူတော်စင်များအားလုံး ကြွရောက်ကြပါရန် ဖိတ်ကြား အပ်ပါသည်။

အစီအစဉ်
၁။ ၁၁ - ၀၂ - ၂၀၁၂ စနေနေ့ နေ့လည် (၃) နာရီမှစ၍ စုပေါင်း ထမနဲထိုးကြမည်။

၂။ ၁၂ - ၀၂ - ၂၀၁၂ တနင်္ဂနွေနေ့မနက်ပိုင်းတွင် ဆွမ်းတော်ကပ်လှူပူဇော်ခြင်း၊ သံဃာတော်များအား ကပ်လှူခြင်း၊ ဧည့်ပရိသတ်များအား ကျွေးမွေးဧည့်ခံခြင်း ပြုလုပ်ပါမည်။

၃။ နေ့လည်( ၁ ) နာရီတွင် အနုမောဒနာတရား နားယူခြင်း စသည်များ ပြုလုပ်ပါမည်။

၎။ သီးသန့် အလှူဒါန ပါဝင်လိုသူများသည် ထမနဲတစ်အိုးလျှင် RM ( 50 ) နှုန်းဖြင့် လှူဒါန်းနိုင်ပါသည်။

၅။ သို့မဟုတ် အုန်းသီး၊ ဆီ၊ မြေပဲ၊ နှမ်း၊ ဂျင်း၊ ကောက်ညှင်းဆန်တို့အတွက် စွမ်းနိုင်သည့် အလှူတော်ငွေများ ပါဝင်လှူဒါန်းနိုင်ကြပါသည်။

ကျင်းပမည့်နေရာဌာန
ဗုဒ္ဒဝိဟာရ မြန်မာဗုဒ္ဒဘာသာကျောင်း
No 49B, jln Alam jaya 17, Taman Alam jaya 43200, Batu 9,Cheras, Malaysia.
ဆက်သွယ်ရန် = ဆရာတော် ဘဒ္ဒန္တပညာဝံသ(သာသနဓဇဓမ္မာစရိယ)
H/P + 6 0163823477 = + 6 012 2868327

Source by : သတင်းကွန်ယက်
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။