စင်္ကာပူနိုင်ငံရှိ ဓာတ်တော်တိုက် ဆရာတော်ဦးစီးသော ဗြဟ္မစိုရ်နှလုံးသားအသင်းသည် မီးလောင်ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် သေဆုံးခဲ့ကြသော မီးသတ်ဝန်ထမ်း ၅ ဦးအား ဗြဟ္မစိုရ်နှလုံးသား ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့ စက်ဆန်းရပ်၊ ကတို့ဆိပ်ရပ်ကွက်၌ ဒီဇင်ဘာလ ၂၉ ရက်၊ မနက် ၁ နာရီ ၄၀ မိနစ်တွင် မီးလောင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တာမွေမြို့နယ်မှ မီးသတ်ဝန်ထမ်း လေးဦးနှင့် ဗဟိုမီးသတ်ဌာနမှ မီးသတ်ဝန်ထမ်းတစ်ဦး သေဆုံးသွားခဲ့ရပါသည်။
ထို့သို့တာဝန် ထမ်းဆောင်စဉ် ကျဆုံးသွားခဲ့ကြသော မီးသတ်ဝန်ထမ်း ၅ ဦးအတွက် ဗြဟ္မစိုရ်နှလုံးသား အသင်းမှ တစ်ဦးလျှင် ကျပ် ၅ သိန်းစီ ကျန်ရစ်သူ မိသားစုများ ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။ ဗြဟ္မစိုရ်နှလုံးသား အသင်းသည် မီးလောင် ပေါက်ကွဲမှုကြောင့် ထိခိုက် ဒဏ်ရာရရှိခဲ့သူများ၊ ပျက်စီးဆုံးရှုံးခဲ့ကြသော ဒေသခံပြည် သူလူထု အတွက် စုစုပေါင်း ကျပ်ငွေ ၄၂ သိန်း ပေးပို့ လှူဒါန်းခဲ့သည်။ စင်္ကာပူနိုင်ငံရှိ ဗြဟ္မစိုရ်နှလုံးသား အသင်း ၏ အလှူဒါနအား ဝမ်းမြောက်၊ ဝမ်းသာ သာဓု ခေါ်ဆို အပ်ပါသည်။
Source by :http://newsnetworkmedia.blogspot.com/

0 comments:
Post a Comment