Home » , » မြန်မာနိုင်ငံ၏ ပညာရေး ကဏ္ဍအတွက် ဒိန်းမတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ သန်း လှူဒါန်းမှု

မြန်မာနိုင်ငံ၏ ပညာရေး ကဏ္ဍအတွက် ဒိန်းမတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ သန်း လှူဒါန်းမှု

Written By မောင်စေတနာ on Monday, January 9, 2012 | 10:29:00 AM



ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးက လှူဒါန်းမှု သဘောတူညီချက် လက်မှတ်ကို ပေးအပ်စဉ်

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ အတွက် ဒိန်းမတ်နိုင်ငံမှ အမေရိကန် ဒေါ်လာ ၄ ဒသမ ၅ သန်းလှူဒါန်းမှု သဘောတူညီချက် လက်မှတ်ရေးထိုးသည့် အခမ်းအနားကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၆ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး သဘောတူညီချက်ကို ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုး မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီး ခရစ်စတီးယန်းဖရစ်ဘာ့က လက်မှတ်ရေးထိုးပေးခဲ့ကာ ကုလ သမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (မြန်မာ)မှ ဌာနေကိုယ်စားလှယ် Mr. Ramesh Shrestha ကလက်ခံရယူခဲ့ကြောင်း သိရသည်။

“ပညာရေးဆိုတာ လူအဖွဲ့အစည်းအတွက် အခြေခံဖောင်ဒေးရှင်း တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရဲ့ပညာရေးကဏ္ဍမှာ ယူနီဆက်အပါအ၀င် တခြား အဖွဲ့အစည်းတွေကလည်း ထည့်ဝင်လှူဒါန်းလျက်ရှိပြီး အဓိကအားဖြင့် အခြေခံပညာကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် ဖြစ်ပါတယ်။ ပညာသင်ကြားရေးအတွက် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့ ကလေးငယ်တွေအတွက် ကူညီထောက်ပံ့လျက် ရှိပါတယ်။

ကျွန်တော်တို့ အနေနဲ့ ပညာရေးကဏ္ဍ အတွက် ၂၀၁၂ ခုနှစ်အစောပိုင်းမှာ အမေရိကန် ဒေါ်လာ ၄ ဒသမ ၅ သန်းကို လှူ ဒါန်းသွားဖို့ရှိပါတယ်။ ဒါကြောင့် ဒီနေ့အဲဒီအကူအညီပေးဖို့ကို လက်မှတ်ရေးထိုးသွားမှာ ဖြစ်ပါတယ်” ဟု ဒိန်းမတ်နိုင်ငံ ဖွံ့ဖြိုးမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီး ခရစ်စတီးယန်းဖရစ်ဘာ့က လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ပြောကြားခဲ့ သည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။