မိမိတို့၏ လက်ရှိချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းလိုလျှင် ယခုအနေအထားထက်ပို၍ ခြေချော်ခွင့် မပေးနိုင်တော့ကြောင်း သူ၏ ကစားဖော်များကို မန်ယူကစားသမား နာနီက သတိပေး ပြောကြားလိုက်သည်။
မန်ယူအသင်းသည် ၂၀၁၁ ခုနှစ်၏ နောက်ဆုံးနေ့ကို ဇယား၏ နောက်ဆုံးအသင်းအား အိမ်ကွင်း၌ အံ့အားသင့်ဖွယ် အရှုံးပေးခဲ့ရပြီး ခြေချော်ခဲ့ရာ ဇယားကို ဦးဆောင်နိုင်ခွင့်အား လက်လွှတ် ဆုံးရှုံးခဲ့ရသည်။ ယနေ့ညတွင် ၂၀၁၂ နှစ်သစ်၏ ပထမဆုံးသော ပွဲစဉ်အဖြစ် စိန့်ဂျိမ်းပါ့ခ်တွင် နယူးကာဆယ်အသင်းအား သွားရောက် ရင်ဆိုင်ရမည်ဖြစ်ရာ နာနီက ယခုကဲ့သို့ သတိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။
နာနီက "ကျွန်တော်တို့အနေနဲ့ လက်ရှိချန်ပီယံဆုကို ဘယ်အသင်းလက်ထဲမှ အပါမခံချင်ဘူးဆိုရင် ဘလက်ဘန်းနဲ့တုံးကလိုမျိုး ထပ်ပြီး ခြေချော်ခွင့် မပေးနိုင်ပါဘူး.. ဒါမျိုးတွေ ထပ်ခါ ထပ်ခါ ဖြစ်လာရင် ရာသီကုန်အတွက် စိုးရိမ်စရာ အနေအထား ဖြစ်သွားပါ့မယ်.. ဘလက်ဘန်းကို ရှုံးနိမ့်ခဲ့တာက ကျွန်တော်တို့အတွက် သင်ခန်းစာ တစ်ခု ဖြစ်စေခဲ့ပါတယ်.. ဒါမျိုး ထပ်မဖြစ်ဖို့ ကျွန်တော်တို့ ကြိုးစားရမယ်ဆိုတာ သိလာပါတယ်.. နယူးကာဆယ်နဲ့ပွဲမှာ ကျွန်တော်တို့ ပြန်လာဖို့ ကြိုးစားပါ့မယ်..
ဒီပွဲဟာ မလွယ်ကူဘူးဆိုတာ သိထားပေမယ့် ကျွန်တော်တို့ဟာ လက်ရှိချန်ပီယံ ဖြစ်သလို အနိုင်ရနိုင်တဲ့ လူအင်အား အလုံအလောက် ရှိပါတယ်.. ရာသီကုန်မှာသာ မန်စီးတီးကို ကျော်ပြီး ချန်ပီယံ ဖြစ်မယ်ဆိုရင် တကယ့်ကို ထူးခြားတဲ့ ရာသီတစ်ခု ဖြစ်လာမှာ သေချာပါတယ်.. ဘာလို့လဲဆိုတော့ လူတွေက ကျွန်တော်တို့ မန်စီးတီးကို အိမ်ကွင်းမှာ အရှက်တကွဲ ရှုံးနိမ့်တာကိုပဲ သိနေကြတယ်လေ.. ချန်ပီယံဆုကို ဆက်ထိန်းထားနိုင်ဖို့ ကျွန်တော်တို့အတွက် အလုံအလောက် ရှိပါတယ်.. ထပ်ပြီး အကျဆုံး မခံနိုင်ဘူး" ဟု ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။
Source by :http://mutdfan.com/

1 comments:
ဘာကောင်လဲတော့မသိဘူး ၀ါသနာမပါတော့
ကြိုက်တာတော့ဆံပင်ထိုးထားတာ ငှဲငှဲ
အဲလိုဆိုမဆိုးလောက်ဘူးဟး)
ခင်မင်လျှက်
မဒိုးကန်
Post a Comment