Home » » ရုပ်ရှင်နှင့် ဗီဒီယိုရိုက်ကူးမှုများ ပြုလုပ်ရာတွင် လိုက်နာရမည့် အချက်များ ပါဝင်သော ဥပဒေမူကြမ်းတစ်ရပ် ပြဋ္ဌာန်းနိုင်ရန်စီစဉ်

ရုပ်ရှင်နှင့် ဗီဒီယိုရိုက်ကူးမှုများ ပြုလုပ်ရာတွင် လိုက်နာရမည့် အချက်များ ပါဝင်သော ဥပဒေမူကြမ်းတစ်ရပ် ပြဋ္ဌာန်းနိုင်ရန်စီစဉ်

Written By မောင်စေတနာ on Friday, November 11, 2011 | 5:30:00 PM



ရုပ်ရှင်နှင့် ဗီဒီယိုရိုက်ကူးမှုများ ပြုလုပ်ရာတွင် လိုက်နာရမည့်အချက်များ ပါဝင်သော ဥပဒေမူကြမ်း တစ်ရပ်အား လွှတ်တော်သို့တင်သွင်း၍ အတည်ပြုပြဋ္ဌာန်းနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများက စီစဉ်လျက်ရှိပြီး လက်တွေ့လုပ်ကိုင်လျက်ရှိသည့် အနုပညာနယ်ပယ်အတွင်းမှ အတွေ့အကြုံရှိသူများ၏ အခက်အခဲများကို အမှန်တကယ် ဖြေရှင်းနိုင်သည့် အချက်များ ပါဝင်လာနိုင်ရန်အတွက် ရုပ်ရှင်လောကသားက လိုလားလျက်ရှိကြောင်း ရုပ်ရှင်အသိုင်းအ၀ိုင်းအတွင်းမှ စုံစမ်း သိရှိရသည်။

“ဒီရက်ပိုင်းတွေထဲမှာ ရုပ်ရှင် ဥပဒေ ၁၀ ချက် ထွက်မယ်ဆိုတဲ့ သတင်းတွေ ကြားနေရပါတယ်။ ဒီလို တိကျတဲ့ ဥပဒေသတ်မှတ်ချက်တွေ ရှိလာမယ်ဆိုရင် ကြိုဆိုပါတယ်။ အဓိကတော့ ဥပဒေစည်းမျဉ်းစည်းကမ်း အတိုင်း လူတိုင်းအပေါ်တစ်ပြေးညီ သက်ရောက်ဖို့လိုအပ်သလို မောင်ဖြူ တစ်မျိုး၊ မောင်နီတစ်မျိုးဆိုတာတွေ ကပြင်ဖို့သင့်နေပါပြီ။

ရုပ်ရှင်လောက ရဲ့အခက်အခဲ အစစ်အမှန်ဆိုတာကလည်း ဒီလောကအတွင်း တကယ် လှုပ်ရှား ရုန်းကန်နေကြသူတွေမှပဲ ပိုပြီး သိနိုင်တာဖြစ်တဲ့အတွက် အားလုံးရဲ့ အခက်အခဲတွေကို မေးမြန်းတိုင်ပင်ပြီး မှသာ တကယ်လိုအပ်တဲ့ ဥပဒေဆိုတာမျိုး ပြဋ္ဌာန်းမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ တလောက စည်းကမ်းချက် ထုတ်လိုက်တဲ့ ရုပ်ရှင်ကားကြီးရိုက်ကူးခွင့် တင်တဲ့အခါ Story Board ပါ တွဲတင်ရမယ်ဆိုတာမျိုး ကျတော့ တစ်ဖက်ကကြည့်မယ် ဆိုရင်စည်း စနစ် ပိုကျသွားတယ်လို့ တွေးလို့ရနိုင်သလို

တစ်ဖက်ကကြည့်မယ်ဆိုလည်း တချို့သောရိုက်ကူးမှု အခြေအနေအပြောင်း အလဲတွေက ရိုက်ကွင်းပေါ်ရောက်မှ ပြောင်းလဲလုပ်ကိုင်ရတာမျိုး ရှိတာကြောင့် ဒီနယ်ပယ်ထဲမှာ လက်တွေ့ လုပ်နေကြသူတွေရဲ့ အခက်အခဲတွေနဲ့ ညှိနှိုင်းထားတဲ့ အချက်မျိုးတွေ ပါလာမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ” ဟု ဒါရိုက်တာမောင်မျိုးမင်းက ပြောပြခဲ့သည်။

ထို့အပြင် ၀ါရင့်ရုပ်ရှင်ထုတ်လုပ်သူ တစ်ဦးကလည်း “ရုပ်ရှင် ဥပဒေသစ်တွေ ထွက်လာမယ်ဆိုပြီး ကြားနေပါတယ်။ ရေးသားပြုစုပြီး အတည်ပြုဖို့ပဲ လိုတယ်လို့လည်း ကြားနေရပါတယ်။ ဒါကြောင့် လောလောဆယ်တော့ ဗီဒီယိုလောက်ပဲ ရိုက်ပြီး ရုပ်ရှင်ကားကြီး ရိုက်ကူးမှုတော့ နည်းနည်းခြားထားပါတယ်။

ထွက်လာတဲ့ ဥပေဒေအပေါ် မူတည်ပြီးမှ ဘယ်လိုရှေ့ဆက်လို့ သွားမလဲဆိုတာကို တွက်ဆရမှာလေ။ တစ်ခါတလေ ကိုယ့်ဘက်က အစစအရာရာ အကုန်ကျခံပြီးမှ ပြန်ပြင်ရမယ်ဆိုတာကြောင့် အခက်အခဲ ကြုံရတာမျိုးတွေလည်း ရှိပါတယ်”ဟု သူ၏အမြင်အား သုံးသပ်ပြခဲ့သည်။

ရုပ်ရှင်နှင့် ဗီဒီယိုဇာတ်ကားများ ရိုက်ကူးရာတွင် လိုက်နာရမည့် ဥပဒေသစ်တွင် အချက်အလက် ၁၀ ချက်မှ ၁၄ ချက်အထိ ပါဝင်မည်ဟုကြားသိရပြီး မကြာမီပြဋ္ဌာန်းသွားနိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။