Home » » အောင်မြင်သော တေးသီချင်းများ၏ နောက်ကွယ်က ဖန်တီးမှု

အောင်မြင်သော တေးသီချင်းများ၏ နောက်ကွယ်က ဖန်တီးမှု

Written By မောင်စေတနာ on Saturday, November 5, 2011 | 10:25:00 PM



''ငါမဖိတ်ခေါ်ဘဲ နင်ရောက်ခဲ့ အနာတရတွေဖြစ်တော့မှ စိတ္တဇလို နင်ထင်ရာ တံဆိပ်ကပ်မလို့လား .... ငါမပြုစားတတ်ပါ... ငါမျှော်လင့်ခဲ့ကမ္ဘာ ... '' စတဲ့ ၀ိုင်းစုခိုင်သိန်းရဲ့ တေးသွားတွေက လူငယ်တွေကြားထဲမှာ တစ်စထက်တစ်စပိုပြီး နေရာယူလာခဲ့ပါတယ်။ နှစ်ဦးနှစ်ဘက် အားပြိုင်တဲ့ စကားလုံးတွေနဲ့တည်ဆောက်ထားတဲ့ ပရိသတ်တွေကြိုက်တဲ့သီချင်းက အမုန်းမြို့သူဖြစ်ပါတယ်။နေ၀င်း၊ဖြိုးလေး ပါဝင်တဲ့ Snare အဖွဲ့က တင်ဆင်တဲ့ စုံတွဲတေးလေးပါ။ Snare အဖွဲ့အမုန်းမြို့သူနဲ့ ဘယ်လိုရင်ဆိုင်ခဲ့ရတယ်ဆိုတာကို အနှေးပြကွက်သ ဖွယ်သူတို့ ဖွဲ့ဆိုပြသခဲ့ပုံကတော့ ....

''အမုန်းမြို့သူသီချင်းမှာ ကျွန်တော်ကဇာတ်လမ်း တစ်ပုဒ်လုံးပြီးတော့မှ နာကြည်း ခံစားရတာတွေနဲ့ စပြီးဖွင့်ထားခဲ့ပါတယ်။ ကျွန်တော်တို့အဲဒီသီချင်းကို မုန်းတယ် စီးရီးအတွက်တော့ မဟုတ်ဘူး။ ကျွန်တော်တို့နှစ်ယောက် တိုင်ပင်ပြီး စိတ်ဆိုးတဲ့ပုံစံလေး ရေးမယ်ဆိုပြီး ရေးထားခဲ့တာပါ။ ရပ်ပ်တွေမပြီးသေးတဲ့အချိန်မှာပဲ ကိုဘိုစန်းက မုန်းတယ်စီးရီးအတွက် Title Song ရေးဖို့ပြောပါတယ်။ ကျွန်တော်တို့ နှစ်ယောက်လုပ်နေတဲ့ပုံစံနဲ့လည်း ကွက်တိဖြစ်နေတာနဲ့ သေသေချာချာပြန်ပြီး သွားချင်တဲ့ပုံစံလေးကို ရေးလိုက်ကြတာပါ'' လို့ ဖြိုးလေးက သူရဲ့သီ ချင်းရဲ့အဖွင့်ကို ယခုလို ပေါ့ပေါ့ပါးပါး ဆိုပါတယ်။

အဲဒီနောက်မှာတော့ Snare အဖွဲ့က နေ၀င်းက ''အရင်က စုံတွဲမဟုတ်ပါဘူး။ကိုဘိုစန်းကလာပြောတဲ့အခါမှာ စုံတွဲလုပ်မယ်။ဘယ်သူနဲ့ဆိုမလဲပေါ့။ကျွန်တော်တို့က ၀ိုင်းစုနဲ့ဆိုမယ်ဆိုပြီး ရွေးလိုက်တယ်။ဒါကြောင့် Cho: ကို ၀ိုင်းစုရဲ့အသံနဲ့ သူရဲ့ Flow နဲ့လိုက်တဲ့အတိုင်း ရေးခဲ့ပါတယ်။အဲဒီအတွက် ဒီသီချင်းမှာ ကျွန်တော်တို့တွေအတွက် Cho: က အချိန်အပေးရဆုံး ဖြစ်ပါတယ်'' လို့ ဆိုပါတယ်။

''ကျွန်တော်တို့သီချင်းက ဇာတ်လမ်းတစ်ပုဒ်ကို နောက်ကြောင်းပြန်တဲ့ပုံသဏ္ဍာန်နဲ့ တင်ဆက်ထားတာပါ။ ဦးဆုံးက မှန်တွေကိုလက်သီးနဲ့ထိုးပြီး နာကြည်းမယ်။ပြီးရင် မိန်းကလေးက ငါ့ကိုမှားတယ်မပြောနဲ့ဆိုပြီး ပြောမယ်။ ပြီးတော့မှ ဒီသီချင်းတစ်ပုဒ်လုံးကို စတင်စေခဲ့တဲ့ အဖြစ်အပျက်ဆီကို ပြန်သွားထားတယ်။ ဒီလိုမျိုးတင်ဆက်ထားတာပါ'' လို့ နေ၀င်းက ဆိုပါတယ်။

အဲဒီလိုမျိုးသီချင်းကို ပုံဖော်တဲ့အခါမှာ တစ်ဦးစီက မိမိတို့စိတ်ကြိုက် စကားလုံးများသုံးပြီး ပုံဖော်ခဲ့ပေမယ့်လည်း စာသားအချော ရရှိချိန်မှာတော့ အသည်းစားဘီလူးမ ဆိုတဲ့ စကားလုံးက နှစ်ဦးစလုံးမှာပါဝင် နေခဲ့ပါတယ်။ ဒါကြောင့် ခေါင်းစဉ်ကို အသည်းစားဘီလူးမ လို့ တပ်ခဲ့ ပေမယ့်လည်း ပရိသတ်ဆီ ရောက်ရှိလာတဲ့အခါမှာတော့ လှပတဲ့ အမုန်းမြို့သူဆိုတဲ့ စကားလုံးကို ပြောင်းလဲကာ သုံးစွဲမှုကို ဖြစ်စေခဲ့ပါတယ်။

''ဂစ်တာတီးပြီး စာသားနဲ့ ကိုယ်လိုချင်တဲ့ပုံလေးကို စိတ်ကူးနဲ့ ဖော်ခဲ့ပါတယ်။ထူးခြားတာက ဒီသီချင်းလေးက Rock Mood ဆန်ဆန်လေး ဖန်တီးထားတာပါ။အဲဒီလိုမျိုး ကျွန်တော်တို့လိုချင်တဲ့ပုံစံကို တီးပေးတာကတော့ ကိုမိုးမိုးပါ''လို့ ဖြိုးလေးက ဂီတပုံစံလေးအကြောင်းကို ဖြည့်စွက်ပါတယ်။

နောက်ဆုံးမှာတော့ သီချင်းနဲ့ ပတ်သက်တဲ့ အမှတ်တရများဆီ ခြေဦးလှည့်ပေးမိတဲ့အခါမှာတော့ '' ဒီသီချင်းက သီဆိုတဲ့အခါမှာလည်း အခက်အခဲမရှိဘူး။အားလုံးအဆင်ပြေခဲ့ပေမယ့် ပထမဆုံးရှိုးပွဲမှာတော့ တစ်ဦးနဲ့တစ်ဦး ဆိုနေမကျတဲ့အတွက် အပေးအယူမတည့်တာတွေ ရှိခဲ့တယ်။

သီချင်းရဲ့ Bridge တွေမှာက မိန်းကလေးတစ်ယောက်ကို ဆူတဲ့ပုံစံတွေပါတော့ စင်ပေါ်မှာနှစ်ယောက်က ၀ိုင်းစုကိုကြည့်ပြီးဆိုတော့ သူလည်း စစချင်း ကြောင်သွားတာမျိုးတွေဖြစ်ပြီးနောက်မှ သဘောပေါက်ပြီး Performance ပြန်လုပ်ပေးတာက တော့ အမှတ်တရပဲဖြစ်ပါတယ်'' လို့ နေ၀င်းက ဆိုပါတယ်။ ကမ္ဘာကြီးကရွာကြီးပါ။

နေ့စဉ်နဲ့အမျှတိုးတက်နေတဲ့ ကမ္ဘာရွာကြီးမှာ ကျား၊ မ အခွင့်အရေးတွေကလည်း တန်းတူဖြစ်တည်ခဲ့ပါပြီ။ ဒါပေမယ့်လည်း မြန်မာပြည်ဖွား မြန်မာမိန်းကလေး တစ်ယောက်ရဲ့ တန်ဖိုးနဲ့အပြုအမူတွေ ကတော့ ခေတ်ရဲ့တောင်းဆိုမှုတွေကို ချိန်ဆကာ ပြုမူသင့်တယ်ဆိုတယ် ဆိုတာကို ''အမုန်းမြို့သူ'' တေးသွားက တစ်ဆင့် ဒီနေ့လူငယ်တွေရဲ့ ခံယူချက်ကို မြင်တွေ့နိုင်ပါလိမ့်မယ်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။