Home » » ရွှေကြက်ဖပန်းတစ်ရာ ရုပ်ရှင်ပွဲတော်သို့ ဒါရိုက်တာ မီးပွားနှင့် ပုလဲဝင်းတို့ တက်ရောက်ခဲ့

ရွှေကြက်ဖပန်းတစ်ရာ ရုပ်ရှင်ပွဲတော်သို့ ဒါရိုက်တာ မီးပွားနှင့် ပုလဲဝင်းတို့ တက်ရောက်ခဲ့

Written By မောင်စေတနာ on Saturday, November 5, 2011 | 4:30:00 AM



အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့သည့် ရွှေကြက်ဖပန်းတစ်ရာ ရုပ်ရှင်ပွဲတော်တွင် မြန်မာနိုင်ငံမှ ‘ဇော်ကကနေသည်’ရုပ်ရှင်ဇာတ်ကား သွားရောက်ပြသခဲ့ပြီး မြန်မာကိုယ်စားပြု အနုပညာရှင်များအဖြစ် ယင်း ဇာတ်ကားဖြင့် ဒါရိုက်တာထူးချွန်ဆု ဆွတ်ခူးခဲ့သူ ဒါရိုက်တာမီးပွားနှင့် ယင်းဇာတ်ကားတွင် ပါဝင်ထားသူ ပုလဲဝင်းတို့ တက်ရောက်ခဲ့ကြသည် ဟု သိရှိရသည်။

‘‘ပုလဲတို့ အောက်တိုဘာလ ၁၆ ရက်နေ့မှာ သွားဖြစ်ခဲ့တာပါ။ ပွဲတော် ဖွင့်ပွဲနေ့က အောက်တိုဘာလ ၁၉ ရက်နေ့ပေါ့။ ဖွင့်ပွဲကနှစ်ပွဲလုပ်ပြီး အရမ်းကို ကြီးကျယ်ခမ်းနားစွာ လုပ်သလို နိုင်ငံတကာ ရုပ်ရှင်အနုပညာရှင်တွေ အများကြီး တက်ရောက်ခဲ့ကြပါတယ်။ ဖွင့်ပွဲ တက်ရောက်ပြီးတော့ နိုင်ငံအသီးသီးက ပြသတဲ့ဇာတ်ကားတွေကို ကြည့်ရှုခွင့်ရခဲ့ပါတယ်’’ဟု ပုလဲဝင်း ကပြောပြပါသည်။

ရွှေကြက်ဖ ပန်းတစ်ရာရုပ်ရှင် ပွဲတော်ပိတ်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၂ ရက်နေ့တွင် ပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး မြန်မာအနုပညာရှင်နှစ်ဦးလည်း တက်ရောက်ခဲ့ကြောင်း သိရပါသည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။