Home » » မဟာသီယာ ရင်းနှီးမြှုပ်နှံမှု စာချုပ် ချုပ်ဆိုမည်

မဟာသီယာ ရင်းနှီးမြှုပ်နှံမှု စာချုပ် ချုပ်ဆိုမည်

Written By မောင်စေတနာ on Thursday, November 3, 2011 | 11:30:00 PM



မလေးရှား ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက် (Mahathir Mohamad) ၏ ဗုဒ္ဓဟူးနေ့တွင်စတင် သွားရောက်မည့် မြန်မာနိုင်ငံ ခရီးစဉ်တွင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု စာချွန်လွှာများ လက်မှတ်ရေးထိုးရန် ရှိကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) CEC တဦး ဖြစ်သည့် ဦးစိန်ဝင်းလှိုင်က ပြောသည်။

UMFCCI ၏ ဖိတ်ကြားချက်ဖြင့် မြန်မာနိုင်ငံသို့ သုံးရက်ကြာလာရောက်မည့် မလေးရှားဝန်ကြီးချုပ်ဟောင်းသည် ဗုဒ္ဓဟူးနေ့ နေ့လည်တနာရီခွဲမှ ညနေ လေးနာရီခွဲအထိ ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်တွင် ကျင်းပမည့်
မြန်မာ- မလေးရှား စီးပွားရေးရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲသို့ တက်ရောက်ရန် ရှိသည်ဟုလည်း သိရသည်။

"UMFCCI ကနေ ကမကထ လုပ်တဲ့ Business Trip (စီးပွားရေး ခရီးစဉ်) ပေါ့၊ အဓိက ကတော့ MOU (နားလည်မှု စာချွန်လွှာ) ထိုးဖို့ကိစ္စရှိပါတယ်။" ဟု ဦးစိန်ဝင်းလှိုင်က မဇ္ဈိမကို ပြောသည်။

၂၀၀၃ ခုနှစ်တွင် အနားယူခဲ့သည့် ၂၂ နှစ်ကြာ ဝန်ကြီးချုပ်ဖြစ်ခဲ့သူ မစ္စတာ မဟာသီယာသည် မလေးရှားနိုင်ငံကို အာရှစီးပွားရေး ကျားတကောင်ဖြစ်လာအောင် ပြောင်းလဲပေးခဲ့သူ ဖြစ်သကဲ့သို့ တဘက်တွင်လည်း တင်းတင်းကြပ် ကြပ် အုပ်ချုပ်မှုကို ကျင့်သုံးကာ သူ၏အာဏာကို ခြိမ်းခြောက်လာသူများအား ပြင်းပြင်ထန်ထန် နှိပ်ကွပ်လေ့ရှိသူဟု နာမည်ဆိုး ထွက်ခဲ့သည်။

ဒေါက်တာ မဟာသီယာသည် မလေးရှားနိုင်ငံကို ၂၀၂၀ ပြည့်နှစ်တွင် စက်မှုနှင့် စီးပွားရေးလုပ်ငန်းများ သတင်းနှင့် နည်းပညာ ကဏ္ဍတို့ကို ကမ္ဘာ့အဆင့်မီဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ချမှတ်ကာ ၁၉၉၁ ခုနှစ်တွင် စတင် အကောင် အထည် ဖေါ်ခဲ့သည်။

Source by : ချင်းမိုင် (မဇ္ဈိမ)
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။