Home » » စင်ကာပူက ပြည်သူ့အိမ်ရာ အခန်း ၁၀၀၀၀၀ ကျော် တည်ဆောက်ရန် ပြင်ဆင်ထား

စင်ကာပူက ပြည်သူ့အိမ်ရာ အခန်း ၁၀၀၀၀၀ ကျော် တည်ဆောက်ရန် ပြင်ဆင်ထား

Written By မောင်စေတနာ on Tuesday, November 1, 2011 | 2:25:00 PM



စင်ကာပူနိုင်ငံ ဘူကစ်ဘာတောက်ရှိ ပြည်သူ့အိမ်ရာများ

အိမ်ဈေးနှုန်းများ တည်ငြိမ်ရေးနှင့် ၀ယ်လိုအားကိုဖြည့်ဆည်းရေးအတွက် စင်ကာပူသည် လာမည့် ၅ နှစ်အတွင်း ပြည်သူ့အိမ်ရာ အခန်း ၁၀၀၀၀၀ ကျော် တည်ဆောက်ရန် ပြင်ဆင်ထားကြောင်း အမျိုးသားဖွံ့ဖြိုးရေးဝန်ကြီး ခေါ်ဘွန်းဝမ်က အောက် တိုဘာ ၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။

အိမ်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်နေမှုနှင့်ပတ်သက်ပြီး စင်ကာပူနိုင်ငံသားများက မကျေမနပ်ဖြစ်နေချိန်တွင် စင်ကာပူ၏အိမ်၊ ခြံ၊ မြေလုပ်ငန်း ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပါလီမန်တွင် တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့အိမ်ရာဖွံ့ဖြိုးရေးအဖွဲ့က အိမ်ခန်း ၅၀၀၀၀ ကျော်တည်ဆောက်ခဲ့ကြောင်း ၂၀၁၅ ခုနှစ်တွင် အိမ်၊ ခြံ၊ မြေဈေးကွက်ဝယ်လိုအားနှင့် ရောင်းလိုအားတို့ကို ချိန်ညှိနိုင်မည်ဖြစ်ကြောင်း ခေါ်က ပြောကြားခဲ့သည်။ ၀ယ်လိုအား ဆက်လက်မြင့်တက်နေပါက လာမည့်ငါးနှစ်အတွင်း ပြည်သူ့အိမ်ရာအခန်း ၁၀၀၀၀၀ ကျော် တည်ဆောက်သွားနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အိမ်၊ ခြံ၊ မြေဈေးကွက်ကို ထိန်းချုပ်ရန်အတွက် ပြီးခဲ့သည့်လ အနည်းငယ်အတွင်း အရေးယူဆောင်ရွက်မှုများ ဆောင်ရွက်ခဲ့ရာ ဈေးကွက် တည်ငြိမ်လာခဲ့ကြောင်း ၀င်ငွေအလယ်အလတ် အိမ်ထောင်ပြုစ စုံတွဲများနှင့် ၀င်ငွေနိမ့်အိမ်ထောင်စုများကို ဦးစားပေးကာ အိမ်ရာရရှိရေးဆောင်ရွက်ပေးမည်ဟု ဆိုသည်။

ယခုနှစ် မေလ ရွေးကောက်ပွဲတွင် အာဏာရ PAP ပါတီသည် အမတ်နေရာ ၈၇ နေရာအနက် ၆ နေရာကို အတိုက်အခံတို့အား ဆုံးရှုံးခဲ့ရာ အိမ်ခြံမြေဈေးကွက်နှင့်ပတ်သက်၍ မကျေနပ်ချက်များက အဓိကအချက် ဖြစ်ခဲ့သည်။

Source by :Ref:AFP
http://first-11.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။