Home » » ထိုင်းနိုင်ငံ ဝန်ထမ်းများ တစ်ရက်လုပ်ခ ဘတ် ၃၀၀ ရရှိပြီ

ထိုင်းနိုင်ငံ ဝန်ထမ်းများ တစ်ရက်လုပ်ခ ဘတ် ၃၀၀ ရရှိပြီ

Written By မောင်စေတနာ on Tuesday, October 18, 2011 | 4:30:00 PM



ထိုင်းနိုင်ငံတွင် နိုင်ငံတော် ဝန်ထမ်း၂၄၁၄၉ ဦးတို့သည် တစ်ရက် လုပ်ခအနည်းဆုံးဘတ် ၃၀၀ ကိုအောက်တိုဘာ ၁ ရက်မှ စတင်၍ ခံစားရပြီ ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးပက်ဒမ်ချိုင်ဆက်ဆွမ်ဆက်ကထုတ်ဖော် ပြောဆိုခဲ့သည်။ တစ်ရက် လုပ်ခဘတ် ၃၀၀ ထက် နည်းသောသူများအား ၃၀၀ အထိတိုးမြှင့်ပေးသည့် အစီအစဉ်အား State Enterprise Relations ကော်မတီမှ ခွင့်ပြုခဲ့ကြောင်းသိရသည်။

ထို့ကြောင့် နိုင်ငံတော် အနေဖြင့် လစဉ် ဘတ် ၂၃ ဒသမ ၉ သန်းပိုမိုသုံးစွဲရဖွယ် ရှိနေကြောင်းသိရသည်။ လူနေမှု စရိတ်တိုးမြှင့်မှုကို ကာမိစေရန်အတွက် လစာတိုးမြှင့်ပေး ကြောင်းဝန်ကြီးကထုတ်ဖော်ပြောခဲ့သည်။ပြည်နယ်များ ရှိလစာတိုးမြှင့်ပေးရေး ကော်မတီများမှ လစာတိုးမြှင့်မှုကို သဘောတူညီမှုများ ပေးပို့ခဲ့ကြောင်းလည်းသိရသည်။

ပြည်နယ် ၅၀ မှ လစာဆပ် ကော်မတီများအနေဖြင့် လခအား ပြည်နယ်အလိုက် ရာခိုင်နှုန်း ၄၀ ကျော် တိုးမြှင့်ပေးရန် သဘောတူညီခဲ့ကြပြီး ဖြစ်သည်။ အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် လစာတိုးမှုမှ ထိခိုက် လာနိုင်သောကြောင့် အချက်သုံးချက်ဖြင့် ဖြေရှင်းသင့်ကြောင်းလည်း ပြည်နယ်များမှ တစ်ဆင့် အစိုးရထံသို့ တင်သွင်းမည်ဟုသိရသည်။

ထိုလုပ်ငန်းများအတွက် ရေ၊ မီးအသုံးချမှု စရိတ်ကိုလျှော့ပေါ့ယူရန်၊ အခွန်လျှော့ချရေးကိုဆက်လက် ဆောင်ရွက်ရန်နှင့် အလုပ်သမားများ၏ အစားအသောက်နှင့် ခရီးစရိတ်များအတွက် နှစ်ဆနှင့် ညီမျှသောအခွန် လျှော့ချရေး စသည်တို့ ဖြစ်ကြောင်းသိရသည်။ ဖူးခက်ပြည်နယ်တွင် စီးပွားရေးလုပ်ငန်းရှင်များသည် ထိုင်းအလုပ်သမားကဲ့သို့ပင် ပြောင်းရွှေ့ အလုပ်သမားများ အားတစ်ရက် ဘတ် ၃၀၀ ပေးနေရ၍ စားစရိတ် ပိုတက် လာနေကြောင်းဟိုတယ် ခြောက်လုံးပိုင်ရှင် တစ်ဦးကပြောသွားသည်။

Source by :http://www.mmbloggers-malay.co.cc/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။