Home » » တစ်ပတ်တာ ကမ္ဘာ့အကောင်းဆုံး ကစားသမား မိုက်ဟာဗန်နာအာ(ဂျပန်)

တစ်ပတ်တာ ကမ္ဘာ့အကောင်းဆုံး ကစားသမား မိုက်ဟာဗန်နာအာ(ဂျပန်)

Written By မောင်စေတနာ on Tuesday, October 18, 2011 | 8:40:00 PM


တစ်ပတ်တာ ကမ္ဘာ့အကောင်းဆုံး ကစားသမား - မိုက်ဟာဗန်နာအာ (ဂျပန်)

Goal.com ကအပတ်စဉ် တင်ဆက်နေကြ ကဏ္ဍဖြစ်သည့် တစ်ပတ်တာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ရွေးချယ်ခြင်း အစီအစဉ်အား ဖေါ်ပြပေးလိုက်ပါသည်။ Goal.com မှ ရွေးချယ်သည့် တစ်ပတ်တာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆိုသည်မှာ ကမ္ဘာပေါ်တွင် အကောင်းဆုံး ကစားသမား ဖြစ်ရန် မလိုအပ်ပဲ တစ်ပတ်တာ အချိန်အတွင်း နိုင်ငံအသင်းအတွက် ဖြစ်စေ ကလပ်အသင်းအတွက် ဖြစ်စေ ထူးထူးခြားခြား ခြေစွမ်းပြနိုင်ခဲ့သည့် ကစားသမား သို့မဟုတ် ဘောလုံးကွင်းပြပတွင် ထူးထူးကဲကဲ ချီးကျူးဂုဏ်ပြုဖွယ် လုပ်ဆောင်မှုများ ပြုလုပ်ခဲ့သည့် ကစားသမား များကို Goal.com မှဖွဲ့စည်းထားသည့် ကမ္ဘာတစ်ဝှမ်းလုံးရှိ သတင်းစာ အယ်ဒီတာများမှ မဲပေးရွေးချယ်ကြခြင်း ဖြစ်သည်။ Goal.com မှာ တစ်ပတ်တာ ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ်ရွေးချယ်ပေးခဲ့သည်မှာ ယခုအကြိမ်ဆိုလျှင် (၁၂၆)ကြိမ် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ယခုတစ်ပတ်အတွက် ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် ဂျပန်လက်ရွေးစင် အသင်းမှ တိုက်စစ်မှူး မိုက်ဟာဗန်နာအာ အားရွေးချယ်ခဲ့ကြသည်။ မိုက်ဟာဗန်နာအာသည် ပြီးခဲ့သည့် အပတ်က ဂျပန်လက်ရွေးစင် အသင်းနှင့် သူ၏ ကလပ်အသင်း(Ventforet Kofu)အတွက် ထိပ်တန်းအဆင့် ခြေစွမ်းဖြင့် ကူညီပေးနိုင်ခဲ့ပြီး လက်ရှိ အာရှတိုက်၏ အကောင်းဆုံး တိုက်စစ်မှူးများတွင် တစ်ဦး အပါအ၀င်ဖြစ်ကြောင်း အခိုင်အမာ သက်သေပြနိုင်ခဲ့သည်။

မိုက်ဟာဗန်နာအာသည် ၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် ပြီးခဲ့သည့် အပတ် အင်္ဂါနေ့က တာဂျစ်ကစ္စတန်အသင်းနှင့် ယှဉ်ပြိုင် ကစားခဲ့ပြီး ၈-၀ ဖြင့် အနိုင် ရရှိခဲ့သည့် ပွဲစဉ်တွင် ဂျပန်အသင်းအတွက် ပထမဆုံး ပွဲထွက်ကစားခွင့်အား ရရှိခဲ့ပြီး အနိုင်ဂိုး နှစ်ဂိုး သွင်းယူ နိုင်သည်။ အဆိုပါ ၂၄-နှစ်သားသည် Yuichi Komano ၏ ပေးပို့မှုမှ တစ်ဆင့် အိမ်ရှင် ဂျပန် အသင်းအတွက် ဦးဆောင်ဂိုးအား ခေါင်းတိုက် သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်းတွင် သူ၏ ဒုတိယဂိုးအား ထပ်မံ သွင်းယူနိုင်ခဲ့သည်။

ထို့နောက် ၄ ရက်အကြာတွင် အဆိုပါ ၂၄-နှစ်သားသည် သူ၏ ကလပ်အသင်းအတွက် အရေးပါသည့် အနိုင်ဂိုးများကို သွင်းယူပေးခဲ့ပြန်သည်။ Cerezo Osaka အသင်းအား (၄-၀)ဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် ဟာဗန်နာအာသည် ကလပ်အတွက် အနိုင်ဂိုး (၂)ဂိုး သွင်းယူပေးခဲ့ပြီး Ventforet Kofu အသင်းအား ဂျေလိဂ်အမှတ်ပေး ဇယား၏ တန်းဆင်းဇုန်အတွင်းမှ ဆွဲထုတ်နိုင်ခဲ့သည်။

ဟာဗန်နာအာသည် လက်ရှိ ဂျပန်နိုင်ငံ၏ ထိပ်တန်း ဂိုးသွင်း သူရဲကောင်း တစ်ယောက် ဖြစ်နေပြီး သူ၏ အထင်ကြီးလေးစားဖွယ် စွမ်းဆောင်ရည်များက ဥရောပရှိ အသင်းကြီးများအား သတိပြုမိစေခဲ့သည်။ သတင်းများအရ ဂျာမဏီ၊ ပြင်သစ်နှင့် ဟော်လန် အသင်းများအား သူ၏ တိုးတက်မှုအား စောင့်ကြည့်နေကြကြောင်း သိရသည်။

Goal.com World Player of the Week #126: Mike Havenaar
Club: Ventforet Kofu
Country: Japan
Age: 24
Role: Striker
Achievement: Scored twice for both club and country



Goal.com ၏ ၁၂၆ ကြိမ်မြောက် တစ်ပတ်တာ ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ်ရွေးချယ်ခြင်း ခံခဲ့ရသည့်အတွက် ဂုဏ်ယူပါတယ် မိုက်ဟာဗန်နာအာ

Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။