Home » » ကိုယ်ဝန်ဆောင် မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦး လည်ပင်ကို ဓါးဖြင့် လှီးဖြတ်ခံရ

ကိုယ်ဝန်ဆောင် မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦး လည်ပင်ကို ဓါးဖြင့် လှီးဖြတ်ခံရ

Written By မောင်စေတနာ on Thursday, October 20, 2011 | 5:30:00 PM



ဘန်ကောက်မြို့ ဖက်ကဆင် (၇၁)လမ်းရှိ NAN YANG KNITTING အထည်ချုပ်စက်ရုံမှ ကိုယ်ဝန်ဆောင် မိခင်လောင်း အလုပ်သမား တစ်ဦး BC ကုန်တိုက် အပေါ်ထပ်တွင် သော့ရွေးနေစဉ် အမည်မသိ ထိုင်းလူငယ် တစ်ဦးက လည်ပင်းကို ဓါးဖြင့် လှီးဖြတ်သွားခဲ့သဖြင့် ဒဏ်ရာ ပြင်ထန်စွာ ရရှိသွားခဲ့သည်။

စက်တင်ဘာလ (၂၁)ရက်နေ့ ညနေ (၆)နာရီ (၄၅)ခန့်က ဖက်ကဆင်လမ်း ၇၃/၁ မျက်နှာချင်းဆိုင်ရှိ BCကုန်တိုက် အပေါ်ထပ်တွင် သော့ဝယ်နေစဉ် နောက်ကြောမှ အမည်မသိ လူတစ်ဦးက ဖမ်းချုပ်လိုက်ပြီး မခိုင်ခိုင်ဦး၏ လည်ပင်းကို လှီးဖြတ်လိုက်သည်။

မခိုင်ခိုင်ဦးက ကြောက်လန့် တကြားဖြစ်ပြီး ခေါင်းငုံ့နေသဖြင့် လက်ယာဘက် လည်ပင်း အလယ်မှ စ၍ယာဘက် ပါးအောက်ခြေနှင့် ယာဘက် နားရွက်အောက်စ ပြတ်ခါနီးအထိ ပြတ်ရှပြီး နားရွက်နောက်နား ဦးခေါင်းခွံတွင် နှစ်လက်မခန့် ပြတ်ရှသွားခဲ့သည်။

သူမက အော်ဟစ် အကူအညီ တောင်းခံရာ ကုန်တိုက်မှ ၀န်ထမ်းများက လိုက်လံဖမ်းဆီးသဖြင့် လူဆိုးကို ဖမ်းမိခဲ့သည်။ လူဆိုး၏ မိခင်က သူမ၏ သားဖြစ်သူမှာ စိတ်မူမမှန်ကြောင်း၊ စစ်သားတစ်ဦး ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

လူနာ အရေးပေါ် ရောက်ရှိနေသည့် လပ်ဖိဖ ဆေးရုံသို့ ဖက်ကဆင် လမ်းနံပါတ် (၁၁၀)အတွင်းရှိ စောနောနောင် ကာဖိုးရဲစခန်းမှ ရဲအရာရှိ ချို့အမ်နွယ်ဆိုသူ ရောက်ရှိခဲ့သည်။

စခန်းမှူးက အဆိုပါ လူဆိုးမှာ နောင်ခိုင်မြို့နယ်တွင် နေထိုင်သူဖြစ်သည်။ လုဘူလီမြို့နယ်တွင် စစ်သားအဖြစ် တာဝန် ထမ်းဆောင်နေသူ ဖြစ်ကြောင်း ပြောပြသည်။ ခွင့် (၁၅)ရက်ယူပြီး ညီမ ဖြစ်သူ နေထိုင်သည့် ဖက်ကဆင်လမ်းတွင် ခေတ္တ လာရောက် နေခြင်းဖြစ်ကြောင်း ပြောသည်။

မခိုင်ခိုင်ဦးက “ကျမ သော့ရွေးနေတာ နောက်ကလာပြီး လည်ပင်းချုပ်ကိုင်ပြီး ဓါးနဲ့လှီးတာ၊ ကျမ လည်ပင်းက သွေးတွေ ရေပိုက်က ထွက်နေသလိုပဲ။ ကျမ အသက်ရှင်မယ်လို့တောင် မထင်ခဲ့တော့ဘူး။ အခု ခေါင်းတခြမ်း ကိုက်ခဲနေပြီး ပါးစပ်ကို နဂိုလောက် မဟနိုင်သေးဘူး။ အစာလည်း ကောင်းကောင်း မမြိုနိုင်သေးဘူး” ဟုပြောသည်။

ဓါးမှာ အဆိုပါ ကုန်တိုက်မှ ဓါးဖြစ်ကြောင်း ထိုင်းရဲ၊ ဆေးရုံနှင့် ၀ိုင်းကြည့်နေသူများက ပြောကြသည်။

နီစပ်သည့် လပ်ဖိဖ ဆေးရုံသို့ အရေးပေါ် ပို့ပေးခဲ့သည်။ မိမိသွေးစစ်ထားသည့် ဘန်ကောက်မြို့ အယ်ကချိုင်လမ်းရှိ ဘန်မကောက်(၈) ဆေးရုံသို့ ညတွင်းချင်း ပို့ဆောင်ပေးခဲ့သည်။ သွေးလေးအိတ် သွင်းပြီးမှ ဒဏ်ရာများကို ချုပ်ခဲ့ရကြောင်း ဆေးရုံမှ ဆရာမက ပြောသည်။

ခွဲစိပ်ခန်းမှ ထွက်လာပြီးနောက်ထပ် သွေးတစ်အိပ် သွင်းခဲ့ရသည်။ စက်တင်ဘာ (၂၇)ရက်နေ့တွင် ဆေးရုံမှ ဆင်းလာခဲ့ရသည်။ (၂၉)ရက်နေ့တွင် ချုပ်ရိုးဖြုတ်ရန် ဆေးရုံသို့ လာခဲ့ရသည်။ အောက်တိုဘာ (၆)ရက်နေ့က တစ်ကြိမ် ထပ်မံ၍ ဆေးရုံသို့ သွားခဲ့ရသည်။

ယခု နောက်ဆုံး အခြေအနေမှာ မခိုင်ခိုင်ဦးသည် လူစိမ်း တစ်ဦးဦးအား မြင်သည်နှင့် မိမိအား တစုံတခု လုပ်မည်ကို အမြဲ စိုးရိမ် ထိပ်လန့်နေပြီး ဗိုက်ထဲမှ ကလေးအတွက် အထူး စိုးရိမ်နေကြောင်း ပြောသည်။ သူမတွင် သားနှစ်ဦးရှိပြီး ယခု ကိုယ်ဝန် (၅)လရှိပြီး ဖြစ်သည်။ သူမသည် မြန်မာနိုင်ငံ မော်လမြိုင်မြို့မှ လာရောက် အလုပ်လုပ်ကိုင်နေသူ ဖြစ်သည်။

Source by :http://www.ghre.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။