Home » » ပြင်သစ်၊ အီတလီ၊ ဗြိတိသျှနှင့် ဂျာမနီ ရုပ်ရှင်ဇာတ်ကားများ ပါဝင်သော ဥရောပရုပ်ရှင်ပွဲတော် ရန်ကုန်မြို့တွင် ကျင်းပ

ပြင်သစ်၊ အီတလီ၊ ဗြိတိသျှနှင့် ဂျာမနီ ရုပ်ရှင်ဇာတ်ကားများ ပါဝင်သော ဥရောပရုပ်ရှင်ပွဲတော် ရန်ကုန်မြို့တွင် ကျင်းပ

Written By မောင်စေတနာ on Friday, October 28, 2011 | 12:40:00 PM



ပြင်သစ်၊ အီတလီ၊ ဗြိတိသျှ နှင့်ဂျာမနီရုပ်ရှင် ဇာတ်ကားများ ပါဝင်ပြသသည့် ဥရောပ ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့နေပြည်တော် ရုပ်ရှင်ရုံတွင် အောက်တိုဘာလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပြုလုပ်လျက်ရှိပြီး ပရိသတ် စိတ်ဝင်စားမှု များပြားသည့် ရုပ်ရှင် ဇာတ်ကားများ ပါဝင်ပြသခြင်းကြောင့် လာရောက်ကြည့်ရှုသည့် ပရိသတ်များ ပြားလျက်ရှိသည်ဟု သတင်းရရှိသည်။

“ဥရောပ ရုပ်ရှင်ပွဲတော်ကို နှစ်စဉ်ပြုလုပ်ရာမှာ ဒီနှစ်ပွဲမှာ ပြသတဲ့ ဇာတ်ကားလေးတွေက ပရိသတ်စိတ်ဝင်စားတဲ့ ကားတွေ များပါတယ်။ ဒါ ကြောင့် လက်မှတ် လာယူတဲ့သူလည်း များသလို ပွဲစဉ်တိုင်းလိုလိုလည်း လူပြည့်တာကို တွေ့ရပါတယ်။ များသောအားဖြင့်ကတော့ စိတ်ဝင်စားရာ ကားအလိုက် ရွေးကြည့်ကြတာမျိုးတွေ ရှိသလို တချို့ကျတော့လည်း ဘာကားတင်လဲ လာကြည့်ရင်း ၀င်ကြည့် သွားတာမျိုးတွေလည်း ရှိပါတယ်” ဟု နေပြည်တော် ရုပ်ရှင်ရုံမှ ၀န်ထမ်းတစ်ဦးက ရှင်းပြခဲ့သည်။

ဥရောပ ရုပ်ရှင်ပွဲတော်တွင် နိုင်ငံလေးနိုင်ငံမှ ရုပ်ရှင်ဇာတ်ကား ခုနစ်ကား ပြသလျက်ရှိပြီး ယင်းရုပ်ရှင်ဇာတ်ကားများမှာ အီတလီနိုင်ငံမှ The Spectator ၊ ဗြိတိသျှမှ Africa United Made In Dagenbam၊ ပြင်သစ်နိုင်ငံ မှ An Ortinary Execution ၊ Bad Faith ၊ ဂျာမနီနိုင်ငံမှ Lila ၊ Neukolln ဇာတ်ကားများဖြစ်သည်ဟု သိရှိရသည်။

ဥရောပရုပ်ရှင်ပွဲတော်အား နေပြည်တော် ရုပ်ရှင်ရုံတွင် ခုနစ်ရက်တာ ကျင်းပပြု လုပ်လျက်ရှိပြီး ရုပ်ရှင်ပွဲတော် ပြုလုပ်သည့် ရက်အတွင်း တစ်နေ့လျှင်နှစ်ကားနှုန်းဖြင့် တစ်ကားလျှင်နှစ်ကြိမ် ခန့်စီပြသလျက်ရှိသည်ဟု သိရှိရသည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။