Home » » စင်္ကာပူ မြန်မာသံရုံးမှာ ပွဲစား စနစ် မထားသင့်

စင်္ကာပူ မြန်မာသံရုံးမှာ ပွဲစား စနစ် မထားသင့်

Written By မောင်စေတနာ on Thursday, October 20, 2011 | 6:30:00 AM


မြန်မာသံရုံးရှေ့တွင် ၂၀၀၈ ခုနှစ်က တွေ့ရသော စင်္ကာပူရောက် မြန်မာပြည်သားများ (ဓာတ်ပုံ – Reuters)

စင်္ကာပူနိုင်ငံက မြန်မာ သံရုံးကို အခွန်ပေးဆောင်ရာမှာ ကြားခံဆောင်ရွက်ပေးသူ ကိုယ်စားလှယ် ထားတဲ့ စနစ် မရှိသင့်တော့ဘူးလို့ စင်္ကာပူရောက် မြန်မာ နိုင်ငံသားတွေက ပြောဆိုကြပါတယ်။

မကြာခင်က့ အေးဂျင့် တစ်ဦးဟာ အခွန်ဆောင်ပေးရမယ့် ငွေတွေကို ယူပြီး ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်း အာအက်အေ က ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။

ငွေတွေ လိမ်လည်သွားသူ ကိုစံဦး ဆိုသူဟာ မြန်မာ နိုင်ငံသားတွေ ကိုယ်စား သံရုံးမှာ လစဉ်အခွန် ကိစ္စတွေကို ဆောင်ရွက်ပေးနေသူ ဖြစ်ပြီး အခွန်ငွေ စင်္ကာပူ ဒေါ်လာ တစ်သိန်းလောက် လိမ်လည် သွားခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စဟာ စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေနဲ့  သံရုံးအကြား ကိုယ်စားလှယ် အေးဂျင့် ထားတဲ့ စနစ် မရှိသင့်တော့ဘူး
ဆိုတာ ပြသလိုက်တာဖြစ်ကြောင်း မြန်မာ နိုင်ငံသားတစ်ဦး က ပြောပါတယ်။

လိမ်လည်သွားခဲ့တဲ့ ငွေကြေး ပမာဏ ကတော့ ခန့်မှန်း ပြောဆိုတာသာ ဖြစ်ပြီး အတိအကျ သိဖို့ ခဲယဉ်းတယ်လို့ ဆိုပါတယ်။ စင်္ကာပူမှာ အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာ နိုင်ငံသားတွေဟာ မြန်မာ သံရုံးမှာ ကိုယ်တိုင် သွားရောက် အခွန်ဆောင်မယ် ဆိုရင် အချိန်ကြန့်ကြာလွန်းပြီး၊ ရက်ချိန်းတွေ ပေးလွန်းတာကြောင့် အလုပ်ပျက် အကိုင်ပျက် ဖြစ်ရတာ၊ ဆက်ဆံရေး ညံ့ဖျင်းတဲ့ သံရုံးဝန်ထမ်းတွေနဲ့ မဆက်ဆံချင်တာ စတာတွေကြောင့် ကြားခံ ကိုယ်စားလှယ်တွေက တဆင့် လစဉ်အခွန် တွေ ပေးဆောင် နေကြတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံသား တစ်ဦးဟာ လစာငွေရဲ့ ၁၀% လောက်ကို မြန်မာသံရုံးမှာ အခွန် ပေးဆောင်ရတာ ဖြစ်ပါတယ်။ ကိုင်ဆောင်ထားတဲ့ အလုပ်လုပ်ခွင့် ပါမစ် အဆင့် အပေါ်မှာ မူတည်ပြီး အနိမ့်ဆုံး လစဉ် စင်္ကာပူဒေါ်လာ ၄၀ ၊ ၈၀ အစရှိသဖြင့် ပေးဆောင် ရသလို၊ ကြားခံ ဆောင်ရွက်ပေးတဲ့ ကိုယ်စားလှယ် ကိုလည်း ၀န်ဆောင်ခပေးရပါတယ်။

Source by :RFA
Share this article :

1 comments:

မဒမ်ကိုး said...

စလုံးသံရုံးတော့ပြောကိုမပြောချင်တော့တာအဟုတ်း(

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။