Home » » ကဗျာဘွဲ့မှူး၏ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပ

ကဗျာဘွဲ့မှူး၏ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပ

Written By မောင်စေတနာ on Wednesday, October 19, 2011 | 4:19:00 PM



ကဗျာဘွဲ့မှူး၏ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲကို အမျိုးသား ကဇာတ်ရုံ၌ အောက်တိုဘာလ ၈ ရက်နေ့ညနေ ၇ နာရီမှစတင်ကာ ကျင်းပခဲ့ကြောင်းသိရှိရသည်။ အဆိုပါ ဖျော်ဖြေပွဲကို ကဗျာဘွဲ့မှူး၏ဖခင် စောဘွဲ့မှူးကွယ်လွန်ခြင်း နှစ် ၁၇ ပြည့်နှင့် ကဗျာဘွဲ့မှူး၏ ဂီတသက်တမ်း ၁၅ နှစ်ပြည့်အဖြစ် ဟာသ သရုပ်ဆောင် ကျော်ထူးနှင့် ကိုနေ၀င်းအောင်တို့မှ စီစဉ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဖျော်ဖြေပွဲ မစတင်မီ အချိန်တွင် စောဘွဲ့မှူးနှင့်ပတ်သက်သော အကြောင်းအရာ အကျဉ်းချုပ်နှင့် ကဗျာဘွဲ့မှူး၏ Profile ကို ဓာတ်ပုံများနှင့်တကွ ပဏာမ မိတ်ဆက်ခဲ့ရာ ကဗျာဘွဲ့မှူးမှ ချစ်စမ်းမောင်၏ သမီးဖြစ်သူ တီးခတ်မှုနှင့်အတူ အဖေသီချင်းဖြင့် တစ်ကိုယ်တော်ပွဲအား စတင်ခဲ့ပါ သည်။

ထို့နောက်တွင် ဘိုဖြူ၊ မျိုး ကျော့မြိုင်၊ စည်သူလွင်၊ Rဇာနည်၊ ဖိုးကာ၊ Lလွန်းဝါ၊ Dဖြိုး၊ ဟေမာနေ၀င်း၊ ကော်နီ၊ လေးလေးဝါး၊ ချောစုခင်၊ မီးမီးခဲ၊ သံသာဝင်း၊ ရှင် ဖုန်း၊ Nကိုင်ရာ၊ ၀ိုင်းစုခိုင်သိန်းနှင့် အေသင်ချိုဆွေတို့နှင့် ဧည့်သည် အဆိုတော်များက ကဗျာဘွဲ့မှူး ထွက်ရှိခဲ့သော တေးသီချင်းများထဲမှ ပရိသတ်အားပေးမှု အများဆုံး ရရှိခဲ့သော သီချင်းများကို ကဗျာဘွဲ့မှူးနှင့်အတူ သီဆိုကာ ဖျော်ဖြေခဲ့ကြပါသည်။

ထို့အတူ ဖြိုးငွေစိုးကလည်း ဟာသသရုပ်ဆောင် ကျော်ထူး၊ တိမ်ညွန့်၊ မန်းဝင်း၊ ဧရာ၊ ကင်းကောင်၊ ငှက်ပျောကြော်နှင့်အတူ တစ်ခန်းရပ်ပြဇာတ်များဖြင့် သီဆိုဖျော်ဖြေမှုအကြားတွင် တင်ဆက်ခဲ့ရာ ဂီတနှင့်ပြဇာတ်ကို အတူခံစားခွင့် ရရှိခဲ့ပြန်ပါသည်။

“ဒီပွဲအတွက် ကဗျာ သေသေချာချာကို ပြင်ဆင်ထားခဲ့တာပါ။ ကဗျာ ပရိသတ်တွေ အခုလို ခန်းမပြည့်လာရောက် အားပေးတာကို သိရှိရတဲ့ အတွက်လည်း ၀မ်းလည်း ၀မ်းသာပါ တယ်။ ကျေးဇူးလည်းတင်ပါတယ်” ဟု ကဗျာဘွဲ့မှူးက ဆိုပါသည်။

အဆိုပါပွဲတွင် အဆိုတော် တစ်ဦးလျှင်တစ်ပုဒ်ကျ သီဆိုခဲ့ရာ ည ၁၁ နာရီဝန်းကျင်အချိန်တွင် အဆိုတော်များစွာဖြင့် တေးရေး စောဘွဲ့မှူး ရေးသားခဲ့သည့် တေးသီချင်းဖြင့် ဂီတ ဖျော်ဖြေပွဲအား အဆုံးသတ်ခဲ့ပါတော့သည်။

ကဗျာဘွဲ့မှူးသည် အဆိုတော် လေးဖြူထုတ်လုပ်သူ အဖြစ် စီစဉ်သည့် ပဲ့တင်သံ တစ်ကိုယ်တော်စီးရီးဖြင့် ဂီတလောကအတွင်းသို့ ရောက်ရှိခဲ့သူဖြစ်ပြီး ၂၀၀၀ ၀န်းကျင် အချိန်က ထုတ်လုပ်ခဲ့သည့် အတွဲစီးရီးများ၊ စုံတွဲတေး သီချင်းများစွာတွင် ပါဝင်သီဆိုခဲ့သလို ၂၀၁၁ သြဂုတ်လ ၂၃ ရက်နေ့ကလည်း သူ့တစ်ကိုယ်တော်ခွေသစ်အား ဖြန့်ချိခဲ့သူဖြစ်ပါသည်။ ပထမဆုံး တစ်ကိုယ်တော် ဖျော်ဖြေပွဲကို အဆိုတော် အင်အားစုံလင်စွာဖြင့် ပါဖောမန့်များ သုံးကာ ဖျော်ဖြေတင်ဆက်ခဲ့ခြင်း ဖြစ်ပါသည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။