Home » » ယူရိုသန်း ၉၀ တန် ဘာကာ စတားက မန်စီးတီးရဲ့ စိတ်ဝင်စားမှုကို ဖွင့်ဟခဲ့

ယူရိုသန်း ၉၀ တန် ဘာကာ စတားက မန်စီးတီးရဲ့ စိတ်ဝင်စားမှုကို ဖွင့်ဟခဲ့

Written By မောင်စေတနာ on Wednesday, October 19, 2011 | 7:30:00 PM


ယူရိုသန်း ၉၀ တန် ဘာကာ စတားက မန်စီးတီးရဲ့ စိတ်ဝင်စားမှုကို ဖွင့်ဟခဲ့

ဘာစီလိုနာ နောက်ခံလူ အဘီဒဲလ်က မန်ချက်စတာ စီးတီး အသင်းသည် ကတ်တလန်အသင်းကြီးနှင့် သူ၏ စာချုပ်ကိစ္စ ဆွေးနွေးနေခြင်းကို စောင့်ကြည့်လျှက်ရှိကြောင်း ထုတ်ဖေါ်ပြောကြားခဲ့သည်။

အဆိုပါ ပြင်သစ်သားသည် သူ့အား ခေါ်ယူလိုပါက ယူရိုသန်း(၉၀)ပေးချေရမည်ဟု ပါရှိသော သူ၏ လက်ရှိ စာချုပ်အား သက်တမ်းတိုးချုပ်ဆိုရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေပြီး အဆိုပါ စာချုပ်သည် နောက်နှစ် နွေရာသီတွင် ကုန်ဆုံးတော့မည် ဖြစ်သည်။

သို့သော် သူတောင်းဆိုထားသည့် စာချုပ်သက်တမ်း(၂)နှစ်ရှိ စာချုပ်သစ်သာ သဘောတူညီမှု မရရှိခဲ့ပါက သူသည် မည်သည့်အသင်းကိုမဆို လွတ်လပ်စွာ ပြောင်းရွှေ့နိုင်တော့မည် ဖြစ်သဖြင့် မန်စီးတီးက သူတို့၏ စိတ်ဝင်စားမှုကို မှတ်ပုံတင်ထားခြင်းပင် ဖြစ်သည်။
"စိတ်ဝင်စားနေတဲ့ အသင်းတွေ ရှိပါတယ်၊ ပီအက်စ်ဂျီ၊ မီလန်နဲ့ မန်စီးတီး အသင်းတွေကိုတော့ သတိပြုမိပါတယ်။"ဟု သူကပြောခဲ့သည်။

"ဒါပေမယ့် ခိုင်မာတဲ့ ကမ်းလှမ်းမှုတွေကိုတော့ ရရှိထားခြင်းမရှိသေးပါဘူး၊ ဒါကြောင့် ကျွန်တော် ဒီထက်ပိုပြီး ဘာမှ မပြောနိုင်သေးပါဘူး။""ကျွန်တော် ဘာကာအသင်းအပေါ် လေးစားမှုအများကြီးရှိပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ သဘောတူညီတဲ့ အဆင့်ကို မရောက်နိုင်ရင်တော့၊ တံခါးကို အမြဲတမ်းဖွင့်ထားမှာ ဖြစ်ပါတယ်။"

"ကျွန်တော် နောက်ထပ် (၂)နှစ်ထက်မက ဆက်ပြီး ဘောလုံး ကစားနိုင်မယ်လို့ ယုံကြည်ပါတယ်။" ဟုသူက ထပ်ပေါင်းပြောကြားခဲ့သည်။"ကျွန်တော့်မှာ နိုင်ငံလက်ရွေးစင် အသင်းနဲ့ ပက်သက်တဲ့ ရည်မှန်းချက်ရှိပါတယ်၊ ကျွန်တော်တို့ ယူရို ၂၀၁၂ ခြေစစ်ပွဲ အောင်မြင်ခဲ့ပါပြီ၊ ဒါဟာ ကောင်းမွန်တဲ့ ရလဒ်ဖြစ်ပါတယ်၊ ဒါပေမယ့် ကျွန်တော် ၂၀၁၄ ကမ္ဘာ့ဖလားကိုလည်း ပစ်မှတ်ထားနေပါသေးတယ်။"

ပြီးခဲ့သည့် ရာသီက သူ၏ အသဲတွင် ဖြစ်ပေါ်နေသည့် အသားပိုတစ်ခုအား ခွဲစိတ်မှုတစ်ခုပြုလုပ်ခဲ့ပြီးနောက် အသင်းသည် သူအား ထောက်ခံအားပေးမှုပြုလုပ်ခဲ့ခြင်းကြောင့် အဘီဒဲလ်သည် ဘာကာအသင်းအား ကျေးဇူးတင်ကြောင်း ဆက်လက်ပြောဆိုရင် ဆန္ဒရှိနေသည်။

အဆိုပါ ၃၂-နှစ်သားသည် ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်တွင် ၀င်ရောက် ကစားရန် ပြန်လည် ကျမ်းမာလာခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက် အသင်းအား အနိုင်ယူပြီး ရရှိခဲ့သည့် ချန်ပီယံလိဂ် ဖလားကြီးအား ခေတ္တအသင်းခေါင်းဆောင် တစ်ယောက်အဖြစ် ကိုင်မြောက်ခွင့် ရရှိခဲ့သည်။
Source by :http://mutdfan.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။