Home » » အာဒမ်ရယ် ဧ၀ရယ် ဒသရယ်နှင့် အင်းသီး ဇာတ်ကားများ အမေရိကန်နိုင်ငံတွင် သွားရောက်ပြသမည်

အာဒမ်ရယ် ဧ၀ရယ် ဒသရယ်နှင့် အင်းသီး ဇာတ်ကားများ အမေရိကန်နိုင်ငံတွင် သွားရောက်ပြသမည်

Written By မောင်စေတနာ on Sunday, October 16, 2011 | 11:30:00 AM



အာဒမ်ရယ်ဧ၀ရယ်ဒသရယ် ရုပ်ရှင်ဇာတ်ကားနှင့် အင်းသီးဇာတ်ကားတို့ကို အမေရိကန်နိုင်ငံတွင် သွားရောက်ပြသရန် စီစဉ်ထားပြီး နိုဝင်ဘာလ ၁၉ ရက်နှင့် ၂၀ ရက်နေ့များတွင် လော့အိန်ဂျလိစ်မြို့၌ ပြုလုပ်မည့် မြန်မာရုပ်ရှင်ပွဲတော်တွင် ပြသရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်ဟု သတင်းရရှိသည်။

''အာဒမ်ရယ် ဧ၀ရယ် ဒသရယ် ရုပ်ရှင်ဇာတ်ကားကို အမေရိကန်နိုင်ငံမှာ ပြသဖို့စီစဉ်ထားပါတယ်။ နိုဝင်ဘာလအတွင်းမှာ ပြသမှာပါ။ အမေရိကန်နိုင်ငံမှာ နှစ်စဉ်ပြုလုပ်တဲ့ myanmar film festival မှာ ပါဝင်ပြသဖို့ စီစဉ်နေတာပါ။ပြသတဲ့အချိန်မှာ မြန်မာနိုင်ငံက သက်မွန်မြင့်နဲ့ ထုတ်လုပ်သူတို့လည်းသွားရောက်ဖို့ စီစဉ်နေပါတယ်။

တခြားမြို့တွေကလည်း အဲဒီဇာတ်ကားကိုပဲပြသဖို့ ကမ်းလှမ်းထားပါတယ်။ မြန်မာလူငယ်ပရိသတ်အများစုက ဒီဇာတ်ကား ကိုကြည့်ချင်ကြတဲ့အတွက် တတ်နိုင်သလောက်သွားပြမယ်လို့တော့ စိတ်ကူးထားပါတယ်''ဟု kHeart & Seoul ရုပ်ရှင်ထုတ်လုပ်ရေးမှ မခင်စန္ဒာမြင့်က ရှင်းပြခဲ့သည်။

'အာဒမ်ရယ်ဧ၀ရယ် ဒသရယ်' ရုပ်ရှင်ဇာတ်ကားကို ပထမဆုံးအကြိမ် ပြည်ပသို့သွားရောက်ပြသမှုအဖြစ် စင်ကာပူနိုင်ငံတွင်သွားရောက်ပြသခဲ့ပြီး မြန်မာအနုပညာရှင်အနေဖြင့် ဒါရိုက်တာမောင်မျိုးမင်း၊ သရုပ်ဆောင် သက်မွန်မြင့်၊ ထုတ်လုပ်သူ ခင်စန္ဒာမြင့်နှင့် စာရေးဆရာမ ပုညခင်တို့ တက်ရောက်ခဲ့ကြသည်။ ဒါရိုက်တာမင်းထင်ကိုကိုကြီး၏ အင်းသီးမှတ်တမ်းဇာတ်ကားသည် ကမ္ဘာ့နိုင်ငံအများအပြားသို့ သွားရောက်ပြသခဲ့ပြီးဖြစ်သည်ဟု သိရှိရသည်။

ဓာတ်ပုံ = အင်တာနက်မှ ရှာဖွေ တင်ပေးထားပါသည်။ nzl

Source by :http://www.news-eleven.com/
Share this article :

1 comments:

KZaw said...

ဒီဇာတ်ကားလေး အွန်လိုင်းမတင်သေးဘူးလားကိုနေ ရှိရင်တော့ကြည့်ချင်တယ်ဗျာ

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။